ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၈.၄.၂၀၂၂) ရက်နေ့၊ နေလည် (၁၃:၀၀) နာရီအချိန်တွင် ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရေး ရည်ရွယ်၍ အသိပညာပေး Talk Show ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်မှ စားသုံးသူများ၏ ဘဏ်အကောင့်အချက်အလက်များ၊ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ငွေလွှဲအချက်အလက်များအား မည်သူတစ်ဦး တစ်ယောက်ကိုမျှ မျှဝေခြင်းမပြုရန်၊ စားသုံးသူများအနေဖြင့် ငွေလွှဲသည့်အခါ လျှို့ဝှက်နံပါတ် (၆) လုံးကို ခန့်မှန်းရလွယ်ကူသည့် နံပါတ်များ အသုံးမပြုသင့်ကြောင်း၊ မိမိတို့ငွေလွှဲသည့် အချက်အလက်များအား လူမှုကွန်ယက်များပေါ်တွင် အသိပေးတင်ပြခြင်းများ မပြုလုပ်သင့်ကြောင်း၊ ဒီဂျစ်တယ်စနစ်ဖြင့် အသုံးပြုသော ဘဏ်လုပ်ငန်းနှင့် ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းတို့၏ Call Center နှင့် အပြာရောင်အမှန်ခြစ် (Blue Mark) ရရှိထားသည့် Facebook Page တို့တွင်သာ မိမိသိရှိလိုသည့် အကြောင်းအရာများကို ဆက်သွယ်မေးမြန်းရန်နှင့် ဘဏ်လုပ်ငန်း သို့မဟုတ် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတို့၏ ဝန်ထမ်းအဖြစ် ဟန်ဆောင်၍ အခြားဖုန်းနံပါတ်များဖြင့် ခေါ်ဆိုလာပါက ကိုယ်ရေးအချက်အလက်များ၊ ငွေလွှဲအချက်အလက်များကို ပြောကြားခြင်း မပြုလုပ်သင့်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)