ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်လေးပင်မြို့နယ်တာဝန်ခံသည် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၅.၄.၂၀၂၂) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် အများပြည်သူများ သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေ ပြဌာန်းချက်ပါ အခန်း (၂) ပုဒ်မ (၃) ရည်ရွယ်ချက် ၊အခန်း(၉) ပုဒ်မ (၁၉) (၂၀) စားသုံးသူ၏ အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များ၊ အခန်း (၁၀) ၊ပုဒ်မ (၂၁) စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များနှင့် အခန်း (၁၁) ၊ပုဒ်မ (၂၃) အရ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့် ဉပဒေ အကြောင်းအရာများ၊ အခန်း (၂၀) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း အကြောင်းအရာများနှင့် စားသုံးသူပြည်သူတို့အနေဖြင့် ထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ ၊ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာတို့အား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)