Main menu

ပြည်ကုန်စည်ဒိုင်၏ ပဲဈေးများအနည်းငယ်ပြန်ကျ

Powered by Drupal

           ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျှက်ရှိရာ ယခင်လကပဲဈေးများ ကောင်းနေရာမှ ဧပြီလဆန်းပိုင်းမှစ၍ ပဲဈေးများပြန်လည်ကျလာသည်ကို တွေ့ရပါသည်။

        ပြည်ကုန်စည်ဒိုင်တွင် မတ်လဒုတိယပတ်မှာ မတ်ပဲဈေးတစ်ဖြည်းဖြည်းမြင့်လာခဲ့ပြီး ပဲတစ် တင်းကို ၄၅၀၀၀-၄၆၀၀၀ကျပ်၊ တတိယပတ်တွင် ပဲတစ်တင်းကို ၄၇၀၀၀ကျပ်၊ နောက်ဆုံး ပတ်တွင် ၄၈၂၀၀-၄၈၅၀၀-၄၉၀၀၀-၄၉၅၀၀ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး အရောင်း အဝယ်ဖြစ်မှု မှာလည်း တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝင်ရှိပြီး ရန်ကုန်အဝယ် နှင့်လှောင်သမားများ အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ ဧပြီလအစမှစ၍ ပဲဈေးကျလာခဲ့ပြီး ပဲတစ်တင်းကို ၄၇၀၀၀-၄၇၂၀၀-၄၇၅၀၀ ကျပ်ထိ တစ်ဖြည်းဖြည်းကျလာခဲ့ပြီး ပထမပတ်တွင် ၄၃၅၀၀-၄၅၀၀၀ကျပ်ထိ ဈေးကျလာ ခဲ့ပါသည်။ ဝယ်လက်မှာ ပုံမှန်အရောင်းအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါ သည်။

        မတ်လပထမပတ်နှင့် ဒုတိယပတ် ပဲစင်းငုံသီးနှံတစ်တင်းကို ၄၄၀၀၀-၄၅၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန် အဝယ်နှင့် လှောင်သမားများအဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ပဲတစ်တင်းကို ၄၄၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး နောက်ဆုံးပတ်တွင် ပဲတစ်တင်းကို ၄၅၀၀၀-၄၅၅၀၀ ကျပ်ဖြစ်ခဲ့ပါသည်။  ဧပြီလပထမပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ၄၅၀၀၀ကျပ်ဖြင့် ဈေးအေးခဲ့ပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

     ကုလားပဲသီးနှံဈေးမှာ မတ်လဒုတိယပတ်တွင် ပဲတစ်တင်းကို ၄၄၀၀၀-၄၅၀၀၀-၄၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်သွက်ခဲ့ပြီး မြို့တွင်းရောင်းချမှုနှင့် ရန်ကုန်သို့တင်ပို့မှုရှိခဲ့ပြီး တစ်ရက်ကို အိတ် ၉၀၀/၁၀၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မတ်လတတိယပတ်တွင် ၄၅၀၀၀-၄၅၅၀၀ကျပ် မှ ၄၄၀၀၀ကျပ်ထိ ဈေးကျလာခဲ့ပြီး နောက်ဆုံးပတ်တွင် ၄၄၅၀၀-၄၅၀၀၀ကျပ်ထိ ဈေးမြင့်လာခဲ့၍ အရောင်းအဝယ်မှာ ကောင်းလျှက်ရှိပြီး တစ်ရက်ကို အိတ် ၈၀၀/၉၀၀ခန့် အဝယ်ရှိ ပါသည်။ ဧပြီလပထမပတ်တွင် ကုလားပဲတစ်တင်းကို ၄၃၀၀၀-၄၃၅၀၀ကျပ်ထိ ဈေးကျလာခဲ့ပြီး ခွဲစက်သမားများနှင့် လှောင်သမားများအဝယ်ရှိခဲ့ပါသည်။

        ပြည်ကုန်စည်ဒိုင်၏ ဘိုကိတ်သီးနှံဈေးမှာ မတ်လဒုတိယပတ် ပဲတစ်တင်းကို ၃၄၀၀၀-၃၅၀၀၀ကျပ်ဈေးဖြစ်ခဲ့ပြီး တတိယပတ်တွင် ပဲတစ်တင်းကို ၃၅၅၀၀-၃၆၀၀၀ကျပ်ဖြင့် လက်လီ/ လက်ကားအရောင်းအဝယ်ရှိခဲ့ပြီး တစ်ရက်ကို လက်လီ ၁၄/၁၅အိတ်ခန့် လက်ကားအဝယ် တစ်ရက် ကို ၄၀/၅၀ အိတ်ခန့် ရန်ကုန်တင်ပို့မှုရှိခဲ့ပါသည်။ နောက်ဆုံးပတ်တွင် ပဲတစ်တင်းကို ၃၆၀၀၀ ကျပ်ဖြစ်ခဲ့ရာမှ ဧပြီလပထမပတ်တွင် ပဲတစ်တင်းကို ၃၅၀၀၀ကျပ်သို့ ဈေးကျလာခဲ့ပါသည်။

        ပဲဈေးအနည်းငယ်ပြန်လည်ကျဆင်းလာရခြင်းမှာ နိုင်ငံခြားငွေလဲလှယ်မှု သတ်မှတ်ချက်ကြောင့်လည်းဖြစ်နိုင်ကြောင်းနှင့် ဈေးနှုန်းကျဆင်းမှုရှိသော်လည်း ပြည်ကုန်စည်ဒိုင်အနေဖြင့် ပဲမျိုးစုံမှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)