စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဧပြီလ (၁)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ခရိုင်ဦးစီးမှူး ဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့များဖြင့် ဈေးကွက်များတွင် ရောင်းချနေသော ခြင်နိုင်ဆေးခွေများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၏ တရားဝင် ထုတ်လုပ်ခွင့် လိုင်စင်မှတ်ပုံတင်ထားခြင်းမရှိသည့် “ကျင်းဟုံ” အမှတ်တံဆိပ် ခြင်ဆေးခွေနှင့် အခြားမှတ်ပုံတင် ထားခြင်းမရှိသည့် ခြင်ဆေးခွေများ ဈေးကွက်အတွင်းရောင်းချမှု မရှိစေရေးအတွက် ကွင်းဆင်းစိစစ် အသိပညာပေးခြင်း၊ သတိပေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
ယင်းသို့ ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်ရာတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ အနေဖြင့် ပြည်မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများနှင့် မြို့မစည်ပင်သာယာဈေးကြီးအတွင်းရှိ ခြင်ဆေးခွေ ရောင်းချနေသောဆိုင်များအနေဖြင့် သုံးစွဲသူပြည်သူတို့၏ ကျန်းမာရေးအား ထိခိုက်စေနိုင်သော တရားမဝင် ပိုးသတ်ဆေးများပါဝင်ပြီး သက်ဆိုင်ရာဌာနများ၏ တရားဝင်ထုတ်လုပ်ရောင်းချခွင့် လိုင်စင်မရှိသည့် ကျင်းဟုံ အမှတ်တံဆိပ်ခြင်ဆေးခွေနှင့် တခြားသော တရားဝင်ထုတ်လုပ်ရောင်းချ ခွင့်လိုင်စင်မရှိသည့် ခြင်ဆေးခွေများအား ဈေးကွက်အတွင်း သိုလှောင်ရောင်းချခြင်းမပြုရန် အသိပညာ ပေးခြင်း၊ သတိပေးခြင်းများဆောင်ရွက်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဉပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)