Main menu

ရွှေတောင်မြို့၏ ဂန္ဓမာအဝါကြီးပန်း အရောင်းအဝယ်ဖြစ်

Powered by Drupal

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တောင်လုံးညိုကျေးရွာရှိ တောင်သူ ဦးအောင်ကိုမင်း၏ ဂန္ဓမာအဝါကြီးပန်းမျိုးစိုက်ပျိုးသော စိုက်ခင်းသို့ သွားရောက်လေ့လာခဲ့ရာ ဂန္ဓမာပန်းစိုက်ပျိုးရာတွင် ယခင်နှစ်က အညွန့်ဖြတ်၍စိုက်ပျိုးခြင်း၊ ကိုင်းကိုဖြတ်၍ ကျန်သည့်အမြစ်ပါကိုင်းအားပျိုးခြင်း စသည်ဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသည့်အပင်ရေမှာ ၅၀၀၀ခန့်စိုက်ပျိုးထားပြီး စိုက်ပျိုးချိန်မှာ မေလတွင်စိုက်ပျိုးပြီး (၄)လအကြာဖြစ်သော သီတင်းကျွတ်လဆန်းပိုင်းတွင် ခူးယူရောင်းချကြောင်းသိရပါသည်။ စိုက်ပျိုးပြီးပန်းပင်များကို (၅)ရက်တခါ (သို့) (၇)ရက်ခြားတစ်ခါ ပိုးသတ်ဆေးများ ဖြန်းပေးရပါသည်။ ဂန္ဓမာပန်းစိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် (၁၀)သိန်းကျပ်ခန့်ကုန်ကျပြီး ပန်းရောင်းရဝင်ငွေအနေဖြင့် ကျပ်သိန်း(၃၀)ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၂၀)ခန့်ရရှိကြောင်းသိရပါသည်။ ဂန္ဓမာပန်း(အဝါကြီး)ရောင်းဈေးအနေဖြင့် ယခင်နှစ်က တစ်စည်းလျှင် ၅၀၀ကျပ်ရရှိခဲ့ပြီး ယခုနှစ်တွင် ပန်း ၆ပွင့်/ ၇ပွင့်ပါ တစ်စည်းလျှင် ၉၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ကိုင်းအသေးတစ်စည်းကို ၂၅၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ယခုနှစ်တွင် ပန်းများဈေးကောင်းရရှိသော်လည်း မိုးများပြီး အရွက်အဖျားအနာကျသဖြင့် ပန်းအထွက်နည်းသွားခြင်းဖြစ်၍ ဈေးကောင်းရရှိကြောင်းသိရပါသည်။ ရွှေတောင်ဒေသထွက် ဂန္ဓမာပန်းအဝါများကို ကြို့ပင်ကောက်၊ ပေါင်းတည်၊ ဇီးကုန်း၊ ပြည်နှင့် ဥသျှစ်ပင်မှ ပန်းဖောက်သည်များက အခင်းသို့လာရောက် ဝယ်ယူကြပြီး တစ်ဆင့်ပြန်လည်၍ ပန်းဈေးကွက်များသို့တင်ပို့ရောင်းချကြကြောင်းပါသည်။
DOCA(ပဲခူး)