Main menu

ရာသီပေါ်စိမ်းစာဥ

Powered by Drupal

           ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ မိုးရာသီ မေလမှစ၍ စိမ်းစားဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်းသိရပါသည်။

          စိမ်းစားဥစိုက်ပျိုးရာတွင် မျိုးစေ့အနေဖြင့် တရုတ်မျိုးစေ့နှင့် ဒေသမျိုးစေ့ဟူ၍ နှစ်မျိုးရှိရာတွင် ဒေသမျိုးစေ့ကိုသာ အများဆုံးစိုက်ပျိုးကြသည်။ မျိုးစေ့များကို ကျိုင်းတုံမြို့မဈေး၌ စိမ်းစာဥ ဒေသမျိုးစေ့တစ်ပြည်လျှင် (၃၀၀၀၀) ကျပ် ပေးဝယ်ရပြီး တစ်ဧကလျှင် () ပြည်မှ () ပြည်အထိ စိုက်ပျိုးရပါသည်။

          မေလတွင် မိုးစိမ်းစားဥကိုစိုက်ပျိုးရာတွင် မြေကိုထွန်ယက်၍ ဘောင်စနစ်ဖြင့်စိုက်ပျိုးကာ အောက်တိုဘာလတွင် ထွက်ရှိကြောင်းသိရပါသည်။ စိုက်ပျိုးမှုအတွက် မျိုးစေ့၊ မြေထွန်ယက်ခ၊ ပိုးသတ်ဆေးလုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း () သိန်းကျပ်ခန့် ကုန်ကြကြောင်း မိုးစိမ်းစားဥစိုက် တောင်သူကြီးထံမှ သိရပါသည်။

           မိုးစိမ်းစာဥကို ရာသီဥတုပေါ်မူတည်၍ စိုက်ပျိုးရသည်။ မိုးရွာသွန်းမှုများလျှင် စိမ်းစားဥအပင်များပျက်စီး၍ အထွက်နှုန်းလျှော့နည်းနိုင်ပြီး ရာသီဥတုတင့်သင့်မျှတမှုရှိလျှင် မိုးစိမ်းစားဥ အထွက်နှုန်းကောင်းမွန်ကြောင်း သိရပါသည်။

           မိုးစိမ်းစားဥကို အောက်တိုဘာလတွင် စတင်ခူးဆွတ်နိုင်ပြီး မိုးစိမ်းစားဥ တစ်ဧကလျှင် ပိဿာချိန် (၈၇၀) ခန့် ထွက်ရှိကြောင်း သိရသည်။ ထွက်ရှိသည့် မိုးစိမ်းစားဥကို ကျိုင်းတုံမြို့မဈေး၌ ရောင်းချပြီး ဈေးနှုန်းမှာ အလုံးအကြီးအသေးပေါ်မှုတည်၍ () လုံးမှ (၁၀) လုံးပါ တစ်ပိဿာခန့်ရှိ တစ်စည်းလျှင် (၁၅၀၀) ကျပ်ရရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကကို လေးသိန်းငါးသောင်းကျပ် ခန့်ရရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)