Main menu

မုံရွာခရိုင်၊ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

                  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများသည် ၂၀-၄-၂၀၂၂ နေ့တွင် မုံရွာစက်မှုဇုံ၌ မုံရွာခရိုင်၊ ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

              ထိုသို့ဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်  ၈-၄-၂၀၂၂ ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၂၂  ဖြင့် ဝါသီးနှံနှင့် ဝါဂွမ်းကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ အဆိုပါအမိန့်တွင် ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း မပြုရန်တားမြစ်ထားပါကြောင်း၊ အမိန့်ပါ တားမြစ်ချက်များအား လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါကြောင်း၊  ယင်းကိစ္စနှင့်ပတ်သက်၍ ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု အခြေအနေများကို ​ကြပ်မတ်ဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာနအား တာဝန်ပေးအပ်ထားသည့်အတွက် မိမိအနေဖြင့် ယခုကဲ့သို့ ဝါလုပ်ငန်းရှင်များအား လာရောက်တွေ့ဆုံ ရှင်းလင်းဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ ဝါသီးနှံနှင့်ဝါဂွမ်းကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသော်လည်း ပုံမှန်ရောင်းဝယ်ဖောက်ကားမှုများကို ဆက်လက်ဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ဝါသီးနှံနှင့်ဝါဂွမ်း လက်ကျန် အခြေအနေများ၊ ရောင်းဝယ်ဖောက်ကားမှုအခြေအနေများကို အထက်အဆင့် တာဝန်ရှိသူများထံ  အပတ်စဥ် တင်ပြရမည်ဖြစ်သောကြောင့် ဌာနတာဝန်ရှိသူများက စာရင်းကောက်ယူသည့်အခါ မှန်မှန်ကန်ကန်စာရင်းပေးစေလိုပါကြောင်း၊ ဌာနနှင့်ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ လုပ်ငန်း ရှင်များဖက်က အခက်အခဲများ၊ အကြံပြုလိုသည်များရှိပါက ဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

             ထို့နောက် ဝါလုပ်ငန်းရှင်များက ၎င်းတို့၏အခက်အခဲများကို တင်ပြကြပြီး၊ နိုင်ငံတော်မှ ဝါဂွမ်းဝယ်ယူရေးနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)