ဖြူးမြို့၊ အနောက်ဘက်ဒေသတွင် လယ်ကြားမြောင်းများမှဖမ်းယူရရှိသော ဒေသငါးများကို ဖြူးမြို့စည်ပင်သာယာဈေးကြီးသို့ လာရောက်ရောင်းချလျက်ရှိပါသည်။ ယခုလိုမိုးနှောင်းကာလရောက်ချိန်တွင် ဒေသငါးများလှိုင်လှိုင်ပေါ်လျက်ရှိရာ ဒေသငါးများဖြစ်သည့် ငါးနုသန်း၊ ငါးဘတ်၊ ငါးဖယ်အောင်းငါးများမှာ ယခင်စက်တင်ဘာလနှင့် ယှဉ်လျှင်ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပါသည်။
ဒေသငါးများ၏ ဈေးနှုန်းများအနေဖြင့် ငါးဘတ်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးနုသန်း တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်နှင့် ငါးဖယ်အောင်းတစ်ပိဿာလျှင် အကြီးအသေးအလိုက် တစ်ပိဿာ ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအသီးသီးရှိကြပါသည်။
ဒေသငါးများကိုချက်စားပါက ခံတွင်းမြိန်စေသော ဟင်းတစ်ခွက်ဖြစ်ပါသည်။ ငါးကလေးများကိုပုံမှန်စားသုံးခြင်းဖြင့် အာဟာရချို့တဲ့မှုကို ကာကွယ်နိုင်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် နေ့စဉ်စားသုံးနေကြသော မိသားစုထမင်းဝိုင်းတွင် ရာသီပေါ်ဒေသတွင်းငါးဟင်းအား စားသုံးခြင်းဖြင့် ခံတွင်းမြိန်စေပြီး အဟာရလည်းပြည့်ဝကျန်းမာရေးနှင့်လည်း ညီညွတ်မှုရှိနိုင်ကြောင်း လေ့လာသိရှိခဲ့ရပါသည်။
DOCA(ပဲခူး)