
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့မဈေးကြီးအတွင်းရောင်းချနေသော ကြက်ဥ၊ ဘဲဥလက်လီဈေးနှုန်းများမှာ အောက်တိုဘာလတတိယပတ်တွင် ကြက်ဥကြီးတစ်လုံးလျှင် ၄၀၀ကျပ်၊ ကြက်ကလတ်တစ်လုံးလျှင် ၃၇၀ကျပ်၊ ကြက်ဥသေးတစ်လုံးလျင် ၃၂၀ ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြပါသည်။
ဘဲဥဈေးနှုန်းများမှာ ဘဲဥကြီးတစ်လုံးလျှင် ၅၀၀ကျပ်၊ ဘဲဥလတ်တစ်လုံးလျှင် ၄၅၀ကျပ်၊ ဘဲဥသေးတစ်လုံးလျှင် ၄၀၀ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပါသည်။ မိုးရာသီတွင် ပေါများလာသောငါးလေးများကြောင့် ကြက်ဥ၊ ဘဲဥရောင်းချမှုနည်းလာကာ တစ်နေ့ရောင်းချမှုမှာ အလုံးရေပေါင်း (၈၀၀ မှ ၁၂၀၀)လုံးခန့် ရောင်းချရကြောင်း ကြက်ဥ၊ ဘဲဥရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)