Main menu

ပြည်ခရမ်းသီးဈေးမြင့်

Powered by Drupal

ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ ခရမ်းသီးဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ၅လုံးပါတစ်တွဲလျှင် ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် ကျပ်၇၀၀ခန့်ရှိခဲ့ရာ ယခုအပတ်တွင် ကျပ်(၁၂၀၀-၁၄၀၀)နှုန်းရှိနေပါသည်။ လက်လီ ခရမ်းသီးအချောတစ်လုံးလျှင် ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် ကျပ်၂၀၀ရှိခဲ့ရာ ယခုအပတ်တွင် ကျပ် ၃၅၀-၄၀၀ ထိဖြင့် ပြည်ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ ပြည်မြို့အနောက်ဘက်ကမ်း ရွှေဘုံသာရွာနှင့် မကျီးစုရွာတို့မှ အများဆုံးဝင်ရောက်ပြီး ရွှေတောင်မြို့ဘက်မှလည်း အဝင်ရှိကာ ၂ရက်ခြားလျှင် တစ်ကြိမ်အဝင်ရှိနေသည်။ တစ်ကြိမ်လျှင် ပိဿာချိန် ၁၀၀ ခန့်အဝင်ရှိနေပြီး အရောင်းအဝယ်မှာ ဟင်းသီးဟင်းရွက်အရန်ဟင်းသည်ပင်လျှင် ခရမ်းသီးတစ်လုံးလျှင် ၄၀၀ကျပ်ဖြစ်သည့်အတွက် ဝင်ရောက်မှု၏ သုံးပုံနှစ်ပုံခန့် အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)