Main menu

ပြည်ကြက်သွန်နီ အရည်အသွေးကောင်းလို့ ဈေးမြင့်တက်

Powered by Drupal

ပြည်ဈေးကွက်အတွင်း ကြက်သွန်နီသီးနှံဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် ပျမ်းမျှတစ်ပိဿာလျှင် ကျပ်၂၆၀၀နှုန်းဖြင့် အောက်တိုဘာလ လလယ်ထိ ဈေးငြိမ်ခဲ့ရာမှ ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် ပျမ်းမျှတစ်ပိဿာလျှင် ကျပ်၃၈၀၀နှုန်းရှိ၍ နှိုင်းယှဉ်ပါက ကျပ်၁၂၀၀နှုန်းမြင့်တက်သွားကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ ဆိပ်ဖြူ၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းဘက်မှ ကြက်သွန်နီများ ၂ရက်ခြားလျှင် တစ်ကြိမ်ခန့်ကို ပိဿာချိန် ၁၂၀၀၀ကျော်ခန့် အဝင်ရှိနေပြီး တစ်ပတ်အတွင်း ပိဿာချိန် ၄၀၀၀၀ခန့် အဝင်ရှိနေသည်။ ဝင်ရောက် မှုရှိသော ကြက်သွန်နီများမှာ လှောင်လက်ထားရှိသောကြောင့် အရည်အသွေးကောင်းသည့် ကြက်သွန်နီများဖြစ်သဖြင့် ဈေးမြင့်သော်လည်း အဝင်ရှိသလောက် အရောင်းသွက်လျက်ရှိကြောင်းကိုလည်း ပြည်မြို့မဈေးကြီး ပွဲရုံတန်းရှိ (မျိုး) ရောင်းဝယ်ရေးလုပ်ငန်းရှင်၏ ပြောကြားချက်အရသိရသည်။ ပြည်ဈေးကွက်အတွင်း လက်လီ/ လက်ကား ရောင်းဝယ်သူများအပြင် ဈေးကွက်မှတစ်ဆင့် ပန်းတောင်း(ဥသျှစ်ပင်)၊ သာယာဝတီခရိုင်နှင့် တိုင်းကျော်အဖြစ် ဧရာဝတီ(ကြံခင်း၊ မြန်အောင်)တို့သို့ စီးဆင်းပြီး ရောင်းဝယ်မှုရှိနေသည်။ ဈေးနှုန်းအသေးစိတ်မှာ ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် ကြီး/ လတ်/ သေး ကျပ် (၃၈၀၀-၃၆၀၀-၃၄၀၀-၃၂၀၀-၃၀၀၀) နှုန်းတို့ရှိပြီး မြို့ပေါ်လက်လီဈေးများတွင် ကြီး/ လတ်/ သေး ကျပ် (၄၂၀၀-၄၀၀၀-၃၈၀၀-၃၆၀၀-၃၄၀၀) နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြောင်းသိရပါသည်။
DOCA(ပဲခူး)