ဆင်ခရမ်းချဉ်သီးကို ပြည်ခရိုင်၊ ပဲခူးရိုးတစ်လျှောက်နှင့် သရက်ခရိုင်၊ မင်းတုန်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ခရမ်းပင်အမျိုးအစားထဲတွင်ပါဝင်သော ဆင်ခရမ်းချဉ်သီးပင်ကို ဩဂုတ်လနှင့် စက်တင်ဘာလများတွင် မျိုးစေ့များကြဲြဲး အောက်တိုဘာလတွင်စတင်ပြီး အသီးသီးကာ ဈေးကွက်ထဲသို့ ရောက်ရှိလာပါသည်။ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် အသီးများလှိုင် ကာ ဖေဖော်ဝါရီလနှင့် မတ်လများတွင် အသီးများအထွက်နည်းသွားပြီဖြစ်ပါသည်။ ယခုအောက်တိုဘာလတွင် ဆင်ခရမ်းချဉ်သီးဈေးကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။ ယခင်နှစ် ၂၀၂၃ခုနှစ်တွင် ဆင်ခရမ်းချဉ်သီးတစ်လုံးလျှင် ၂၀၀-၃၀၀ ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုနှစ်တွင် ဆင်ခရမ်းချဉ်သီးတစ်လုံးလျှင် ၅၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ဈေးကောင်းရလျက်ရှိကြောင်းပါသည်။
DOCA(ပဲခူး)
ပြည်ဆင်ခရမ်းချဉ်သီးဈေးကွက်
Powered by Drupal