Main menu

ပြည်ပဲနီပြားဈေးနှုန်း ဆက်လက်မြင့်တက်လျက်ရှိ

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်၌ ပြည်ပဝယ်လက်ပဲတချို့ ဈေးမြင့်တက်လာသော်လည်း ပြည်တွင်းစားသုံးမှုများသော ပြည်တွင်းဝယ်လက်သမားများ အဓိကဝယ်ယူသောပဲများ ထဲတွင် ပဲနီပြား၊ ထောပတ်ပဲ၊ စားတော်ပဲဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ အဆိုပါပဲများထဲတွင် ပဲနီပြားသီးနှံသည် ယခုနှစ်၌ ဈေးကောင်းဝင်သောသီးနှံထဲတွင်ပါဝင်နေပြီး ယခုလအတွင်း ပိဿာ (၂၀) ဝင်တစ်တင်းလျှင် ၁၅၄၀၀၀ကျပ်အထိ ဈေးဆက်လက်မြင့်တက်ခဲ့ပါသည်။ယခင်နှစ် အောက်တိုဘာလအတွင်း ပဲနီပြားတစ်တင်းလျှင် ၁၀၅၀၀၀ကျပ်ရရှိခဲ့သော်လည်း ယခုနှစ် လက်လီပဲဈေးကွက်မှာ ပဲသီးနှံအားလုံးနီးပါး ဈေးမြင့်တက်ခဲ့သည့်အတွက် ပဲနီပြားသီးနှံသည်လည်း ယခင်နှစ်၏ ကာလတူအချိန်ထက် ဈေးပိုမြင့်တက်လာခဲ့ပါသည်။ ယခုကာလတွင် ပဲသစ်ဝင်ရောက်ခြင်းမရှိသော်လည်း ပဲဟောင်းလက်ကျန်များရှိသောကြောင့် အရောင်းအဝယ်ဖြစ်မှုအနေဖြင့် လက်ကားဝယ်ယူမှုရှိသည့်ရက်တွင် အိတ်၁၀၀ကျော်ရောင်းချမှုဖြစ်ခဲ့ပြီး လက်လီသမားအနေဖြင့် ပုံမှန်ရောင်းဝယ်ဖြစ်နေပြီး တစ်ရက်လျှင် အိတ်၂၀ကျော်/ ၃၀ခန့်ကြောင်းသိရပါသည်။
DOCA(ပဲခူး)