ပြည်ပဲဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ အနည်းငယ်ဝင်ရောက်လာခဲ့ပါသည်။ တစ်ရက်လျှင် အိတ် ၂၀/၃၀ ကျော် မင်းတုန်း၊ ကံမ၊ ပန်းတောင်းမြို့နယ်များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းလက်လီသမားများလည်း နေ့စဉ်အဝယ်ရှိနေခဲ့ကြောင်းသိရပါသည်။ ယခုကာလ ပဲသစ်စတင်ဝင်ရောက်ချိန်ဖြစ်သည့်အတွက် လက်ကားရောင်းဝယ်မှုအနေဖြင့် သိပ်မဖြစ်သေးဘဲ လက်လီရောင်းဝယ်မှုအနေဖြင့် တစ်ရက်လျှင် အိတ် ၂၀/၃၀ ကျော်ရောင်းချမှုရှိခဲ့ကြပါသည်။ ဘိုကိတ်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ကျပ် (၁)သိန်းဖြင့် ဩဂုတ်လ လကုန်ပတ်၌ အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် အခြားပဲများနည်းတူ ဈေးမြင့်တက်လာပြီး ယခုပဲသစ်ဝင်ချိန်ကာလတွင် ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ်၁၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)