Main menu

“ဒေသထွက်သီးနှံများနှင့်ပက်သတ်၍ တရုတ်နိုင်ငံသို့တင်ပို့နိုင်ရေးအတွက် ဒေသခံများမှလိုလားနေ”

Powered by Drupal

            ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ ဒေသအသီးသီးတွင် စိုက်ပျိုးထွက်ရှိထားသည့် သီးနှံများနှင့်ပက်သတ်၍ တောင်သူများမှ ၎င်းတို့စိုက်ပျိုးထားရှိသည့် သီးနှံများပြန်လည် ရောင်းချရာတွင် သယ်ယူပို့ဆောင်စရိတ်များပြားနေမှုကြောင့် အခက်အခဲများစွာကြုံတွေ့နေရကြောင်းသိရှိရသည်။

               မူဆယ်မြို့ပေါ်သို့ တင်ပို့ရောင်းချနိုင်မှုမှာ လျော့နည်းနေသောကြောင့် ခရိုင်အတွင်း စိုက်ပျိုးထားရှိသည့်သီးနှံမျိုးစုံမှာ တောင်သူများထံမှ ဝယ်ယူသည့်ဈေးထက် အဆမတန်ကွာဟမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ သယ်ယူစရိတ်မြင့်မားခြင်း၊ လမ်းခရီးတွင် မမျှော်လင့်ထားသောကုန်ကျစရိတ်များရှိခြင်းနှင့် ရှမ်းမြောက်ဒေသအတွင်း လတ်တလောဖြစ်ပေါ်နေသော တိုက်ပွဲအခြေအနေများကြောင့်လည်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့အခြေအနေအခက်အခဲများကြောင့် ကုန်သည်များမှာ တရုတ်ပြည်ထွက်သီးနှံများကိုသာ ပြန်လည်ဝယ်ယူရောင်းချနေရပြီး ကုန်ဈေးနှုန်းများမှာ ကျသွားခြင်းမရှိပဲ  အချို့စားသောက်ကုန်များမှာ ပို၍ပင်မြင့်တက်လာကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

            ဒေသအတွင်းထွက်ရှိသည့် သီးနှံများကို တရုတ်နိုင်ငံသို့တင်ပို့ရောင်းချလိုသော်လည်း ဒေသခံများမှာ မည်သည့်အထောက်အထားများနှင့် တဖက်နိုင်ငံသို့ တင်ပို့ရောင်းချရမည်ကိုမသိရှိ သောကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။ မကြာမီထွက်ရှိတော့မည့် စပါးများအားလည်း ရောင်းချနိုင်မှုပြုနိုင်ရန်နှင့် ၎င်းတို့ကုန်ကျစရိတ်နှင့် ကိုက်ညီမျှသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန် လိုလားနေကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။ စိုက်ပျိုးထွက်ရှိထားသော အခြားသီးနှံများကိုလည်း အဆင်ပြေလွယ်ကူစွာ ပြန်လည်တင်ပို့ရောင်းချနိုင်ရန် မျှော်လင့်မိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရှမ်း)