Main menu

မိုးကန်ဇွန်းဥ

Powered by Drupal

             ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်အုပ်စု၊ မိုင်းဇင်းအုပ်စုများတွင် ရာသီအလိုက်သီးနှံများကိုစိုက်ပျိုးလျက်ရှိရာ မေလ၊ ဇွန်လတို့တွင် ကန်ဇွန်းဥကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

               ကန်ဇွန်းဥစိုက်ပျိုးရာတွင် မျိုးများအနေဖြင့် ဒေသမျိုးများဖြစ်သော ရွှေဝါမျိုးနှင့် ငချိပ်မျိုးဟူ၍ နှစ်မျိုးရှိရာတွင် ငချိပ်မျိုးကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။ ကန်ဇွန်းဥပျိုးပင်များ ကိုမိမိခြံ၌ရှိသော ကန်ဇွန်းပင်၏အညွှန့်ကို ၂ ပေ ၃ ပေခန့် ဖြတ်၍ ပျိုးပင်ရရှိပြီး တစ်ဧကလျှင် ကန်ဇွန်းဥပျိုးပင်ပေါင်း (၈)သောင်း(၉)သောင်းခန့်စိုက်ပျိုးရပါသည်။ 

          မေလ၊ ဇွန်လ ကန်ဇွန်းဥစိုက်ပျိုးရာတွင် မြေကိုထွန်ယက်၍ ဘောင်စနစ်ဖြင့်စိုက်ပျိုးကာ အောက်တိုဘာလတွင်ထွက်ရှိကြောင်း သိရပါသည်။ စိုက်ပျိုးမှုအတွက် ပျိုးပင်ထွန်ယက်ခ၊ မြေဆွေး၊ နွားချေး၊ ဝက်ချေး၊ ပိုးသတ်ဆေး၊ လုပ်အားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း(၁၁)သိန်းခန့်ကုန်ကျကြောင်း ကန်ဇွန်းဥစိုက် တောင်သူကြီးများထံမှ သိရှိရပါသည်။

            မိုးကန်ဇွန်းဥကို အောက်တိုဘာလတွင် စတင်ခူးဆွတ်နိုင်ပြီး မိုးကန်ဇွန်းဥ တစ်ဧကလျှင် ပိဿာ ချိန်(၈၀၀)ခန့် ထွက်ရှိကြောင်း သိရှိရသည်။ ထွက်ရှိသည့် မိုးကန်ဇွန်းဥကို ကျိုင်းတုံမြို့မဈေး၊ ကျိုင်းတုံယန်းခန်းဈေး၊ ကျိုင်းတုံနောင်ကွမ်ဈေး၌ လက်ကားဈေးနှုန်းဖြင့်သွင်း၍ အလုံးအသေး/ အကြီးပေါ်မူတည်၍ (၁၀)လုံး (၁၂)လုံးပါ တစ်ပိဿာလျှင် (၂၅၀၀)ကျပ် ရရှိပြီးအကျိုးအမြတ်နေ ဖြင့်တစ်ဧကကို (၉)သိန်းခန့်ရရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)