ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏ ကြက်သွန်နီလက်ကျန်အခြေအနေများအား အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ အောက်တိုဘာလ (၂၆) ရက်နေ့မှ နိုဝင်ဘာလ (၂) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မြင်းခြံ(ကံဆင့်) ဒေသတို့မှ ကြက်သွန်နီ (၆၄၂၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၂၅၆၈၀၀) ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၅၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၅၀၀၊ အကြီးမှာ ကျပ်၄၀၀၀၊ ရှယ်မှာ ကျပ်၄၄၀၀၊ မြင်းခြံကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၅၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၅၀၀၊ အကြီးမှာ ကျပ်၄၀၀၀၊ ရှယ်မှာ ကျပ်၄၄၀၀၊ မြင်းခြံ(ကံဆင့်)ကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၈၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၉၀၀၊ အကြီးမှာ ကျပ်၄၂၀၀၊ ရှယ်မှာ ကျပ်၄၈၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။
ယခင်အပတ်နှင့် ယခုအပတ် ကြက်သွန်နီဈေးနှုန်းများကိုနှိုင်းယှဉ်ရာတွင် ဈေးနှုန်းများမှာ ယခင်အပတ်ထက် မြှင့်တက်မှုများရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)
ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ
Powered by Drupal