Main menu

တောင်တွင်းကြီးမြို့နယ်၊ ညောင်ဝန်းကျေးရွာ၌ ငရုတ်စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ညောင်ဝန်းကျေးရွာတွင် စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ငရုတ်သီးနှံကို စိုက်ဧက (၂၀)ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
မျိုးအနေဖြင့် သာမို(၉၀၀) နှင့် သာမို(၉၉၉)မျိုးများကို စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့များကို ပျိုးအိတ်ဖြင့်ပျိုးထောင်ကာ ပျိုးပင်(၂၅-၃၀)ရက်သား အရွယ်တွင် မြေချ၍ မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ဩဂုတ်လတွင် မြေချစိုက်ပျိုးကြပြီး အောက်တိုဘာလတွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိ်အနေဖြင့် (မျိုး၊ သွင်းအားစု၊ လုပ်သားခ)အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၈၀၀၀၀၀ ခန့် ကုန်ကျပြီး ပိဿာ (၇၀၀-၈၀၀)ခန့် ထွက်ရှိ၍ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၇၀၀၀၀၀ ခန့် ရရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ငရုတ်သီးစိမ်း တစ်ပိဿာလျှင် လက်ကားဈေး (၅၀၀၀-၅၅၀၀) ဖြင့် ရောင်းချရပြီး ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့သို့ တင်ပို့ရောင်းချပြီး ထိုမှတဆင့် မကွေးမြို့သို့လည်း တင်ပို့ကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းလျော့နည်းသော်လည်း ငရုတ်သီးထွက်ပေါ် ခူးဆွတ်ချိန်တွင် ဈေးကောင်းရရှိသောကြောင့် ငရုတ်စိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။
DOCA(မကွေး)