Main menu

ဆန်၊ စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆန်၊ စပါးဈေးကွက်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ အသိပညာပေး

Powered by Drupal

              ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး၊ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၀.၄.၂၀၂၂) နေ့ နံနက် (၀၉၀၀)နာရီ အချိန်တွင် မဲဇလီကျေးရွာရှိ၊ ညောင်တုန်းကုန်စည်ဒိုင်တွင်  ဆန်၊ စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆန်၊စပါး ဈေးကွက်အခြေအနေနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးတို့ကို အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

            အဆိုပါဆွေးနွေးပွဲတွင် ညောင်တုန်းမြိ့နယ် ဆန်၊စပါးလုပ်ငန်းရှင်များ၏ တင်ပြချက်အရ စပါး စိုက်ပျိုးထုတ်လုပ်မှု၊ ကြိတ်ခွဲမှု၊ မြို့တွင်းဈေးကွက်နှင့် ရန်ကုန်ဆန်တင်ပို့မှု အခြေအနေများ၏ အားသာချက်၊ အားနည်းချက်များကို အသေးစိတ်တင်ပြမှုအပေါ် ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ ဆန်အရည်အသွေးမြင့်မားရေး၊ ဈေးကွက်ရရှိရေး၊ စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ကုန်လုံ ခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်နိုင်ရန် အထက်ဌာန၏ လမ်းညွှန်ချက်များ ဆွေးနွေးပြီး လုပ်ငန်းရှင်များက သိရှိလိုသော အချက်အလက်များကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)