ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းလပ်၊ လွယ်မွေ၊ ပန်ဝိုင်၊ မိုင်းခွန်၊ မိုင်းဇင်း၊ ကတ်ထိုက်နှင့်လွယ်လုံ အုပ်စုတို့၏ တောင်ယာများတွင် ချင်းကိုအများဆုံးစိုက်ပျိုး လျက်ရှိပါသည်။ချင်းစိုက်သူတောင်သူများသည် အောက်တိုဘာလ တတိယအပတ်မှစတင်၍ ချင်းများကို တူဖော်ရောင်းချကာ ဈေးကွက်အတွင်းသို့ ချင်းအသစ်များ စတင်ဝင်ရောက်လာခဲ့ပါသည်။
ကျိုင်းတုံမြို့ မြို့မဈေးကြီးအတွင်းရှိ ချင်းဈေးနှုန်းဈေးကွက်အခြေအနေမှာ ချင်းသစ် ၁ ပိဿာ (၆၀၀၀) ကျပ် နှင့် ချင်းဟောင်း ၁ ပိဿာ (၈၀၀၀) ကျပ် ဖြင့်အရောင်း အဝယ်ပြုလုပ်လျက်ရှိကြောင်း ချင်းရောင်းဝယ်သူထံမှ သိရှိရပါသည်။ယခင်နှစ် ဂျင်းသစ်စတင် ပေါ်ထွက်ချိန်တွင် ချင်းသစ် ၁ ပိဿာ (၄၀၀၀)ကျပ် ဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခုနှစ် ချင်းသစ် ၁ ပိဿာ (၆၀၀၀)ကျပ် ရရှိ၍ ချင်းစိုက်တောင်သူများ အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရပါသည်။
DOCA(ရှမ်း)