
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာ၊ သိန်း၊ ဟိန်းစည်ဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများသာမက ဘိလပ်မြေအမျိုးမျိုးကိုလည်းရောင်းချလျက်ရှိကြောင်း၊ ရောင်းချလျက်ရှိသော ဘိလပ်မြေများမှာ ကြံနှစ်ကောင်၊ အပါချီ၊ အယ်ဖာတို့ဖြစ်ကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ဘိလပ်မြေဈေးနှုန်းများမှာ ကြံနှစ်ကောင်တစ်အိတ်လျှင် ကျပ်(၁၁၃၀၀)၊ အယ်ဖာတစ်အိတ်လျှင် ကျပ်(၁၁၂၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၂၀၀၀)ဖြစ်ခဲ့ပြီး (စတုတ္ထပတ်)တွင် ကြံနှစ်ကောင်တစ်အိတ်လျှင် ကျပ်(၁၂၃၀၀)၊ အယ်ဖာတစ်အိတ်လျှင် ကျပ်(၁၂၂၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၃၀၀၀)ဖြစ်၍ (ပထမပတ်)နှင့် (စတုတ္ထပတ်)ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက တစ်အိတ်လျှင် ကျပ်(၁၀၀၀)ခန့်ဈေးတက်နေပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် စက်သုံးဆီဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)