Main menu

ဖျာပုံမြို့ ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန   ၊ဖျာပုံခရိုင် ဒုတိယခရိုင်ဦးစီးမှူး ဦးမိုးမင်းသန်း၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူးဦးစိုးလွင်တို့ ပူးပေါင်း၍ ဖျာပုံမြို့ ၊ မြို့မဈေးရှိ  ဈေးခေါင်းရုံးတွင် ဧပြီလ(၇)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ တွင် ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်(၁၅)ဦးတို့အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉) ပါစားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအား ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံက ဟင်းသီးဟင်းရွက်ဆီ(Vegetable  Oil, Cooking  Oil ) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ဖြင့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်နေ့မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ဖော်ပြချက်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များအရ ကုန်စည်တစ်ခုခု၏ အမျိုးအမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံဖော်ပြခြင်းမရှိသော ယေဘုယျဆန်သည့် အမျိုးအမည်တစ်ခုသာဖြစ်ပါကြောင်း၊ စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာ စီးပွားရေးလုပ် ရှင်းများအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့်ဟင်းသီးဟင်းရွက်ဆီ(Vegetable  Oil, Cooking  Oil ) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ စားအုန်းဆီ၊ အဆင့်မြင့်စားအုန်းဆီ စသည်ဖြင့် အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြ ရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပါကြောင်း အဆိုပါညွှန်ကြားချက်သည် စတင်ထုတ်ပြန်ပြီး(၆)လပြည့်မြောက်ပြီးသည့်နေ့ရက်မှ စတင်အာဏာသက်ရောက်မည်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာတွင် ညွှန်ကြားချက်ဖော်ပြပြီးဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ယခုနှစ် ဇွန်လ(၂၂)ရက်နေ့တွင်(၆)လပြည့်မြောက်ပြီးဖြစ်၍ ကြိုတင်အသိပေးရပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

        ထို့နောက်တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)