Main menu

ဝါသီးနှံ စျေးနှုန်း ၊ စျေးကွက်အခြေအနေ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ခရိုင်ရှိ ပေါင်းတည် ၊ သဲကုန်း၊ ပြည်၊ ပေါက်ခေါင်းမြို့နယ်များတွင်သာ ဝါသီးနှံကို စိုက်ပျိုးလျက်ရှိပြီး နှစ်စဉ် ဝါကြီး (၈၈၈၇) ဧကနှင့် ချည်မျှင်ရှည်ဝါ (၂၉၃၈)ဧက ၊ စုစုပေါင်း (၁၁၈၂၅) ဧကခန့် စိုက်ပျိုးလျက်ရှိပါသည် ။ ဝါသီးနှံကို ပြည်ခရိုင်အတွင်း ပေါက်ခေါင်းမြို့နယ်၌ အများဆုံး စိုက်ပျိုးပါသည်။ ချည်မျှင်ရှည်ဝါမှာ နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း ထွက်ပေါ်၍ ဝါကြီးမှာ ဇန်နဝါရီလမှ ဧပြီလလယ်အထိ ထွက်ပေါ်ပါသည်။ ဝါကြီးတစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း (၁၇၉.၄၆) ပိဿာခန့်နှင့် ချည်မျှင် ရှည်ဝါတစ်ဧကလျှင် (၄၅၄.၉၇)ပိဿာခန့်ထွက်ရှိသည့်အတွက် နှစ်စဉ်စုစုပေါင်း ဝါပိဿာချိန် ၂၉သိန်း ခန့် ပြည်ခရိုင်တွင် ထွက်ရှိကြောင်း သိရှိရပါသည်။

          စျေးကွက်အနေဖြင့် ဝါကုန်ကြမ်းများကို ဝါစိုက်ပျိုးတောင်သူများထံမှ ဝယ်ယူစုဆောင်းပြီး မကွေးတိုင်းဒေသကြီး ၊ အောင်လံရှိ ဝါပွဲရုံ၊ ဝါကြိတ်စက်များသို့ ‌ရောင်းချကြပါသည်။ ပေါက်ခေါင်းမြို့နယ်၌သာ ဝါဂွမ်းကြိတ်စက်ရုံလုပ်ငန်း လုပ်ကိုင်သူ (၃)ဦးရှိ၍ ဝါဂွမ်းအဆင့်ကြိတ်ခွဲပြီး မန္တလေးမြို့နှင့် မူဆယ်စျေးကွက်များသို့ ယခင်က တင်ပို့ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

          ယခုနှစ် ဝါစိုက်တောင်သူထံမှ ဝါကုန်ကြမ်းကို ချည်မျှင်ရှည်ဝါ ၊ ဝါကြီးသောင်းပြောင်း တစ်ပိဿာလျှင် အနည်းဆုံး ၁၈၀၀ကျပ်မှ ၂၃၀၀ကျပ်ထိ စျေးဖွင့်ဝယ်ယူခဲ့ရပြီး လတ်တလောတွင် ဧပြီလလယ်ခန့် ရောက်ရှိပြီဖြစ်၍ ဝါအရည်အသွေးညံ့များသာ အဝင်များသည့်အတွက် ဝါကုန်ကြမ်း တစ်ပိဿာလျှင် ၁၈၀၀ ကျပ်ခန့်သာရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)