Main menu

ပဲခူးခရိုင်တွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ဦးစီးမှူး ဦးစိုးမိုးသည် ပဲခူးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းတို့နှင့်အတူ (၁.၄.၂၀၂၂)၊ (၂.၄.၂၀၂၂) ၊ (၃.၄.၂၀၂၂) ၊ (၄.၄.၂၀၂၂) ၊ (၅.၄.၂၀၂၂) ရက်နေ့များတွင်လည်းကောင်း ၊ ညောင်လေးပင်မြို့နယ် တာဝန်ခံနှင့်အဖွဲ့သည် (၅.၄.၂၀၂၂)ရက်နေ့နှင့် (၁၁.၄.၂၀၂၂) ရက်နေ့များတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ သက်သာသော နှုန်းထားဖြင့် စားအုန်းဆီရောင်းချနေမှု အခြေအနေများအား ကြည်ရှုစစ်ဆေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးက ရောင်းချနေသော စားအုန်းဆီများ၏ အလေးချိန်နှင့် စျေးနှုန်းမှန်ကန်ရေးကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးဆီစျေးနှုန်းတည်ငြိမ်‌ရေးအတွက် ရောင်းချပေးခြင်း ဖြစ်ပါသဖြင့် သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရန် ၊ စားသုံးသူပြည်သူများ စိတ်ကျေနပ်မှုရရှိရေးအတွက် ဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။

          ပဲခူးခရိုင်တွင် ဧပြီလပထမပါတ်အတွင်း   မြန်မာနိုင်ငံဆီကုန်သည်နှင့်    ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ ၂၈၀၀ပိဿာကို တစ်ပိဿာလျှင် ၅၆၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးပြီး ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)