Main menu

ဒိုက်ဦးမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်ရှိ OK Htoo စက်သုံးဆီဆိုင်၊ စိန်သဇင် စက်သုံးဆီဆိုင်တို့အား သွားရောက်၍ ရရှိထားသည့် စက်သုံးဆီခွဲတမ်းများအား သတ်မှတ်စျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး ၊ အရည်အသွေးနှင့်အချင်အတွယ် မှန်ကန်မှုရှိစေရေးအတွက် ဧပြီလ ၂၂ရက်နေ့တွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချမည့် စက်သုံးဆီများအား ရရှိသော ခွဲတမ်းများအတိုင်း အထူးစျေးနှုန်းဖြင့် သတ်မှတ်ထားသော အရေအတွက်အတွင်း ရောင်းချမည်ဆိုပါက သတ်မှတ်ချက်များ ၊ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ရောင်းချကြရန် ၊ စားသုံးသူပြည်သူများအား မိမိတို့ရောင်းချသည့် စက်သုံးဆီနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြန့်ဝေခြင်းများဆောင်ရွက်ကြရန် အသိပညာပေးပြောကြားခဲ့ပြီး ရောင်းချသည့် ဂါလံ ပြည့်/မပြည့် စစ်ဆေးခဲ့ပါသည်။ စက်သုံးဆီ လုပ်ငန်းရှင်များမှ သက်သာသောနှုန်းထားဖြင့် စက်သုံးဆီရောင်းချပေးသည့် ခွဲတမ်းပြီးဆုံးသွားပါက ပုံမှန်စျေးဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)