Main menu

ပြည်မြေပဲဆံ ဝယ်ယူမှုနည်း၍ ဈေးပြန်ကျလာ

Powered by Drupal

             သင်္ကြန်အခါကာလပြီးချိန်တွင် ဝယ်လက်ဝယ်ယူမှု နည်းပါးသွားသောကြောင့် ပြည်‌ဈေးကွက်တွင် မြေပဲဆံများအနည်းငယ်ကျဆင်းလာသည်ဟု သိရှိရပြီး မြေပဲဆံများကို ကံမ ၊ မင်းတုန်းနှင့် ရခိုင်ပြည်နယ်  တောင်ကုတ်မြို့မှ တနေ့လျှင်မြေပဲဆံအိတ် (၈၀၀/၉၀၀) ခန့်ဝင်‌ရောက်မှုရှိကြောင်း သိရှိရပါသည်။ ဝင်ရောက်လာသောမြေပဲဆံများထဲမှ ဆီဆံကိုရွေးပြီး ‌ရွေးဆံအဖြစ် မြို့တွင်းဆီစက်များက အဝယ်ရှိ၍ လုံးဆံ  (အနီ) ကိုပဲကြော်ဖိုသမားများက အဝယ်ရှိပါသည်။ လုံးဆံ (အဖြူ) ကို မြဝတီဘက်သို့ တင်ပို့ရန် ဝယ်လက်များ အဝယ်ရှိသော်လည်း ဝယ်လိုအားနည်းပြီး ဝင်ရောက်မှုများနေသဖြင့် ဈေးပြန်ကျလာသည်ဟု သိရှိရပါသည်။ယခုအပတ်တွင် မြေပဲဆံဈေးများမှာ ဆီဆံ  (အဖြူ) တစ်ပိဿာလျှင် ၃၄၀၀ ကျပ်၊ ဆီဆံ (အနီ) တစ်ပိဿာလျှင် ၃၂၀၀ ကျပ်နှင့် လုံးဆံ(အဖြူ) တစ်ပိဿာလျှင် ၃၇၀၀ကျပ် ၊ လုံးဆံ (အနီ) တစ်ပိဿာလျှင် ၃၆၀၀ကျပ်ဖြင့် ပြည်စျေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)