Main menu

မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းမျိုးစုံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

            မကွေးကုန်စည်ဒိုင်တွင် ယခင်အပတ်(၈.၄.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၂.၄.၂၀၂၂) ရက်နေ့ အတွင်း နှမ်းမျိုးစုံနှင့် ပဲတီစိမ်း၊ ပဲနောက်၊ ပဲလွန်းဝါ၊ ပဲကြီးမဲ၊ ပဲကြီးဖြူ၊ ပဲစဉ်းငုံနီ၊ စားတော်ပဲတို့မှာ ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ ကုလားပဲကြီး(929)(၁၉)ပိဿာ(၁)တင်း ယခင်အပတ် (၃၉၅၀ဝိ/-) ယခုအပတ်(၄၂၃၀ဝိ/-)ဖြစ်၍ (၂၈၀ဝိ/-)ဈေးမြင့်၊ ကုလားပဲလုံးသေး (၁၉)ပိဿာ (၁)တင်း ယခင်အပတ်(၃၈၀၀ဝိ/-) ယခုအပတ်(၄၁၀၀ဝိ/-) (၃၀၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(HL) (၁၉)ပိဿာ (၁)တင်း ယခင်အပတ်(၃၉၀၀ဝိ/-) ယခုအပတ်(၄၁၇၀ဝိ/-) (၂၇၀ဝိ/-)ဈေးမြင့်၊ ပဲထောပတ်(၁၉) ပိဿာ(၁)တင်း ယခင်အပတ်(၃၈၀၀ဝိ/-) ယခုအပတ်(၄၁၀၀ဝိ/-) (၃၀၀ဝိ/-)ဈေးမြင့်၊ မတ်ပဲ(၂၀) ပိဿာ(၁)တင်း ယခင်အပတ်(၄၃၀၀ဝိ/-) ယခုအပတ်(၄၄၂၀ဝိ/-) (၁၂၀ဝိ/-) ဈေးမြင့်ခဲ့ပြီး ပဲလွန်းဝါ (၁၉)ပိဿာ(၁)တင်းလျှင် ယခင်အပတ်(၄၂၃၀ဝိ/-) ယခုအပတ်(၃၉၅၀ဝိ/-) (၂၈၀ဝိ/)ဈေးလျော့ ခဲ့ပါသည်။

          အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နှမ်းဖြူ(မကွေး)(၂၀.၄၂)တန်၊ နှမ်းနီ (၅.၃၃)တန်၊ နှမ်းနက် (စမုံ)(၃၀.၆၇)တန်၊ နှမ်းနက်(ရိုးရိုး) (၅.၂၄)တန်၊ နှမ်းညိုကြား (၅.၈၃)တန်၊ ပဲနောက်(၃.၆၅)တန်၊ ပဲလွန်းဝါ(၅.၂၂)တန်၊ ကုလားပဲ(၃၀၀.၅၆)တန်၊ ပဲကြီးဖြူ(၅၀.၃၃)တန်၊ စားတော်ပဲ(၁၀.၂၄)တန်၊ မတ်ပဲ(၅၀.၇၅)တန်၊ ထောပတ်ပဲ(၁၀၀.၈၈)တန်တို့ဖြစ်ကြောင်းမကွေးကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)