မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ကုန်စိမ်းသီးနှံဈေးကွက်သို့ စားဖိုဆောင်သီးနှံဖြစ်သည့် အာလူးကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အာလူးကို ဆင်ဖြူကျွန်းမြို့မှ စိုက်ပျိုးထွက်ရှိသော်လည်း အာလူးထွက်ပေါ်ချိန်မဟုတ်သည့်အတွက် အခြားဒေသထွက်အာလူးများကိုသာ ဈေးကွက်အတွင်း ရောင်းချကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် အာလူး(ကြီး) တစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ အာလူး(လတ်) ကျပ် (၅၅၀၀)၊ အာလူး(သေး) ကျပ်(၄၅၀၀)ဈေးရှိ၍ ယခင် အောက်တိုဘာလ (ပထမပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်ပါက အာလူးတစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့်လည်းကောင်း၊ စားသုံးသူများနှင့် ဒေသတွင်းအာလူးကြော်လုပ်ငန်းရှင်များက ဝယ်လိုအားကောင်းသောကြောင့်လည်းကောင်း ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)
မကွေးမြို့၌ စားဖိုဆောင်သီးနှံဖြစ်သည့် အာလူးဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ
Powered by Drupal