ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို အောက်တိုဘာလ စတုတ္ထပတ်မှစတင်၍ ထုတ်ချေးပေးလျက်ရှိသည်။
ဇီးကုန်းမြို့နယ်တွင် မိုးစပါးစိုက်ဧက ၄၈၀၇၇ စိုက်ပျိုး၍ ဆောင်းသီနှံဖြစ်သော မတ်ပဲ၊ ပဲတီစိမ်းတို့အား အဓိကသီးနှံအဖြစ်စိုက်ပျိုးပြီး မိုးစပါးစိုက်ဧကအတိုင်း စိုက်ပျိုးမည်ဖြစ်ပါသည်။ ဆောင်းသီးနှံစိုက်ပျိုးချေးငွေများအား ၁ဧကလျှင် (၁၀၀၀၀၀)ကျပ်နှုန်း၊ အတိုး ၀.၄၂ ရာခိုင်နှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ပြီး ငွေစုဆောင်းတောင်သူများအား ယခင် ၅ရာခိုင်နှုန်းမှ ယခု ၈ရာခိုင်နှုန်း အတိုးနှုန်း တိုးမြင့်သတ်မှတ်၍ သီးနှံအာမခံအဖြစ် ၁ဧကလျှင် ၁၀၀၀ကျပ်ထားရှိရမည်ဖြစ်ပါသည်။
ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ်ချေးငွေအား နိုဝင်ဘာလတွင် ကျပ်သိန်း (၂၀၀၀၀) (သိန်းနှစ်သောင်းကျပ်)ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြို့နယ်ချေးငွေအကြံပေးအဖွဲ့များနှင့်ဆွေးနွေးခဲ့မှုအပေါ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ရှိသူထံမှသိရပါသည်။
DOCA(ပဲခူး)