Main menu

တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

Powered by Drupal

                   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဝင်းဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာ ဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။

                  ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဆောင်ရွက်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့် အကြောင်းများကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ဈေးနှုန်းဈေးကွက်သတင်းများ၊ သီးနှံများ၏ စိုက်အောင်ထွက် စားသုံးပိုလျှံ သတင်းအချက်အလက်များကို ရယူစုဆောင်း၍ တင်ပြဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ သီးနှံအစုအဖွဲ့များ ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်သည့် အလေ့အထများရှိစေရေးဆောင်ရွက်ပေးသည့် အခြေအနေများကို လည်းကောင်း၊ ကျန်းမာရေးဌာနက အကြံပြုထားသည့် လူတစ်ဦးစားသုံးသင့်သည့် ဆီပမာဏထက် ကျော်လွန် စားသုံးခြင်းမပြုခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင် မိသားစုစီးပွားရေးကိုလည်း အထောက်အကူပြုမည့် အခြေအနေများ၊ နေကြာတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီကို စားသုံးရမည့်အပြင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် အထောက်အကူပြုမည့် အခြေအနေများကိုလည်းကောင်း ဟောပြောပါသည်။

                  ဟောပြောပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ စီမံကိန်းရေး ဆွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဌာနတို့မှ တာဝန်ရှိသူများကလည်း မိမိတို့ဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပါသည်။ ဟောပြောပွဲသို့ ဒိုးအင်းကျေးရွာတောင်သူဦးကြီးများနှင့် မိသားစုဝင်များ ၆၀ ဦးခန့် တက်ရောက်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

a