Main menu

ပါကစ္စတန်မှ မွေးမြူရေးပုစွန်များအား ဗီယက်နမ်သို့ ပထမဆုံးအကြိမ်တင်ပို့

Powered by Drupal

         ပါကစ္စတန်နိုင်ငံ၏ ငါးပုစွန်လုပ်ငန်းတွင် အထင်ကရအောင်မြင်မှုတစ်ခုအဖြစ် Ms Arsala Seafood သည် Muzaffargarh မွေးမြူရေးခြံမှ ပုစွန် ၂၁၆၀၀ကီလိုဂရမ်ကို ဗီယက်နမ်သို့တင်ပို့ခဲ့သည်။ ယင်းသည် ပါကစ္စတန်နိုင်ငံ၏ ပထမဆုံးသောပုစွန်တင်ပို့မှုဖြစ်ပြီး နိုင်ငံတကာပုစွန်ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သူတစ်ယောက်ဖြစ်လာနိုင်စေရန်အတွက် ပထမဆုံးသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။ အဆိုပါခြေလှမ်းသည် ပါကစ္စတန်၏ ပင်လယ်စာတင်ပို့မှုအစုစုကို ကွဲပြားစေခြင်းနှင့် ကမ္ဘာ့ငါးပုစွန်မွေးမြူရေးတွင် နိုင်ငံ၏အခန်းကဏ္ဍကိုမြှင့်တင်ရန် အစိုးရ၏ ကတိကဝတ်ကိုထင်ဟပ်စေသည်။ ပါကစ္စတန်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (TDAP) သည် အခြားသက်ဆိုင်သူများနှင့်ပူးပေါင်းကာ ငါးပုစွန်တင်ပို့ခြင်း၏ အစိတ်အပိုင်းဖြစ်လာစေရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ မကြာသေးမီက အမေရိကန်နိုင်ငံသည် ပါကစ္စတန်မှ မွေးမြူရေးပုစွန်များအား တင်ပို့မှုကိုခွင့်ပြုပေးခဲ့သည်။ ယင်းနှင့်ပတ်သက်၍ TDAP သည် ဝါရှင်တန်ဒီစီရှိ ကုန်သွယ်ရေးဝန်ကြီးနှင့် အဏ္ဏဝါငါးလုပ်ငန်းဦးစီးဌာန (MFD) တို့ပူးပေါင်းကာ အမေရိကန်သို့ မေးမြူရေးပူစွန်များတင်ပို့မှုအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ TDAP ၏ CEO ဖြစ်သူ Zubair Motiwala က စည်းမျဉ်းစည်းကမ်းမူဘောင်များချမှတ်ထားပြီး လယ်သမားများအတွက် ဆက်လက်ပံ့ပိုးမှုများနှင့်အတူ ပါကစ္စတန်သည် ကမ္ဘာ့ပင်လယ်စာဈေးကွက်တွင် ၎င်း၏ဝေစုကိုတိုးမြှင့်လာစေရန် အဆင်သင့်ဖြစ်နေကြောင်းကို အလေးပေးပြောကြားခဲ့ပြီး ဆက်လက်လုပ်ဆောင်နေသော အသိပညာပေးလှုပ်ရှားမှုများ၊ အောင်မြင်သော ပထမဆုံးအကြိမ်တင်ပို့မှုနှင့် အစိုးရအေဂျင်စီများနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ပူးပေါင်းဆောင်ရွက်မှုများက ပါကစ္စတန်နိုင်ငံအား အမေရိကန်၊ EU နှင့် အခြားဈေးကွက်များတွင် အရည်အသွေးမြင့် ငါးပုစွန်တင်ပို့သူအဖြစ် ရပ်တည်နိုင်လာစေမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

Source : brecorder 

DOCA(ရန်ကုန်)