မကွေးတိုင်းဒေသကြီးသည် နှမ်း၊ မြေပဲ၊ ဝါ၊ နေကြာနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်ပြီး မကွေးမြို့ပေါ်ရှိ သီးနှံပွဲရုံများတွင် မကွေးခရိုင်နှင့် မင်းဘူးခရိုင်အတွင်းမှထွက်ရှိသည့်နှမ်းများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် နှမ်းနက်စမုံတစ်တင်းလျှင် ငွေကျပ် (၂၀၅၀၀၀-၂၁၂၀၀၀)၊ နှမ်းဖြူ (ဂျပန်) တစ်တင်းလျှင် ငွေကျပ် (၁၂၀၀၀၀-၁၂၈၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ငွေကျပ်(၁၁၀၀၀၀-၁၁၅၀၀၀)နှင့် နှမ်းနီတစ်တင်းလျှင် ငွေကျပ်(၁၁၃၀၀၀-၁၁၇၀၀၀) ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များက ဝယ်ယူကြကြောင်းနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့တင်ပို့ကြောင်း၊ ယခုနိုဝင်ဘာလ (တတိယပတ်)တွင် နှမ်းဈေးနှုန်းများ အနည်းငယ်အေးလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)