![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၃၀၃_4.jpg?itok=y4FrFYaJ)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ယခုနှစ် ဆောင်းရာသီ၌ နေကြာဧက (၁၈၂၇) စိုက်ပျိုးရန် လျာထားပြီးဖြစ်ရာ အဆိုပါနေကြာစိုက်ပျိုးမည့် တောင်သူများအား ယူးရီးယား ဓာတ်မြေသြဇာများ စျေးနှုန်းချိုသာစွာဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ကျိုက်မရောမြို့နယ်အတွင်း ဒေသခံတောင်သူများ နေကြာစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များသုံးစွဲရေးနှင့် သဘာဝမြေသြဇာနှင့် ယူးရီးယား ဓာတ်မြေသြဇာအချိုးကျသုံးစွဲနိုင်ရေးအတွက် အိတ် (၃၅၁) အိတ်ကို ကျေးရွာပေါင်း (၄၄) ရွာမှ နေကြာစိုက်ပျိုးမည့်တောင်သူများထံ စျေးနှုန်းသက်သာစွာ နိုဝင်ဘာလ (၁၇) ရက်နေ့မှစတင်ကာ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရပါသည်။
DOCA(မွန်)