ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ရောင်းချနေသောဟင်းသီးဟင်းရွက်များမှာ မင်းလှမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများမှဝင်ရောက်သည့်အပြင် ပုတီးကုန်း၊ သဲကုန်း၊ ပေါင်းတည် စသည့်မြို့နယ်များမှလည်း ဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။
ထိုသို့ဝင်ရောက်ရာတွင် နိုဝင်ဘာလ ဒုတိယပတ်နှင့် တတိယပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် ၁ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်၊ ဂေါ်ဖီထုပ် ၁ထုပ်လျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်၊ ပန်းဂေါ်ဖီ ၁ထုပ်လျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်၊ အာလူး ၁ပိဿာလျှင် ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ်၊ ရွှေဖရုံသီး ၁လုံးလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ဘူးသီး ၁လုံးလျှင် ၁၂၀၀ကျပ်မှ ၁၃၀၀ကျပ်၊ ငရုတ်ပွ ၁ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ချဉ်ပေါင်ရွက် ၁စည်းလျှင် ၂၀၀ကျပ်၊ ပဲသီး ၁၀တောင့်ပါ ၁စည်းလျှင် ၃၀၀ကျပ်မှ ၄၀၀ကျပ်၊ ကန်စွန်းရွက် ၁စည်းလျှင် ၂၀၀ကျပ်မှ ၂၅၀ကျပ်၊ ခရမ်းရှည်သီး ၁လုံးလျှင် ၃၀၀ကျပ်မှ ၄၀၀ကျပ်၊ ဆလပ်ရွက် ၁စည်းလျှင် ၅၀၀ကျပ်မှ ၇၀၀ကျပ်၊ သံပရာသီး ၁လုံးလျှင် ၅၀ကျပ်မှ ၁၀၀ကျပ်၊ ဖရဲသီး ၁လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ငရုတ်သီးစိမ်း ၁ပိဿာလျှင် ၁၆၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ရုံပတီသီး ၁စည်းလျှင် ၂၀၀ကျပ်မှ ၂၅၀ကျပ်၊ ခဝဲသီး ၁တောင့်လျှင် ၃၀၀ကျပ်မှ ၃၅၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ပဲတီကုန်း၊ သဲကုန်း၊ အေးမြသာယာမှ ပြောင်းဖူးနှင့်ဘူးသီးများ အများဆုံးဝင်ရောက်ပြီး တစ်နေ့လျှင် ပြောင်းဖူး ၃၀ဖူးပါ အိတ် ၂၅ခန့်၊ ဘူးသီး ၁၀လုံးပါ အိတ် ၁၅အိတ်ခန့်၊ ခရမ်းချဉ်သီး ၁၀ပိဿာဝင်ခြင်း ၁၅ခြင်းခန့်ဝင်ရောက်ကြောင်း ဟင်းသီးဟင်းရွက်ရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။
DOCA(ပဲခူး)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းဈေးကွက်အခြေနေ
Powered by Drupal