ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၅-၄-၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီခန့်အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သံတွဲခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပါဝင်လျက် သံတွဲမြို့ ဒွါရာဝတီမြို့မဈေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များသို့သွားရောက်၍ ကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ FDAမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့် အစားအသောက်များအား ဈေးကွက်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးအတွင်းရောင်းချနေသော စားသောက်ကုန်ပစ္စည်များ၊ ဝယ်ယူသုံးစွဲကြသော စားသုံးသူမိဘပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်စေရေးနှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်ပစ္စည်းများ၌ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် သတင်းအချက်အလက်များအား ပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲနိုင်စေရေး၊ ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများ၏ တည်ဆဲဉပဒေနှင့်ညီညွတ်သော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရေး ဈေးကွက်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)
FDA မှစားသုံးရန်မသင့်ထုတ်ပြန်ထားသည့် အစားအသောက်များအား ဈေးကွက်အတွင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း
Powered by Drupal