ကရင်ပြည်နယ်၊ ပြည်နယ်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ၁-၅-၂၀၂၂ ရက်နေ့၊ နေ့လယ် ၁၂: ၀၀ နာရီအချိန်၌ ကျင်းပရာ အခမ်းအနားတွင် ဖိတ်ကြားထားသော မိတ်ဖက်ဌာနဆိုင်ရာများ၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် ကရင်ပြည်နယ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ပြည်နယ် ဆီကုန်သည်များနှင့် ဆီလုပ််ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ် ပြည်နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ ဖွဲ့စည်းခြင်း အခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာသော ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များက Open’ing Vote စနစ်ဖြင့် လွတ်လပ်စွာ ဆန္ဒမဲပေး၍ ဥက္ကဌနှင့် အမှုဆောင် (၉)ဦး၊ အဖွဲ့ဝင် (၈) ဦး စုစုပေါင်း (၁၇) ဦးဖြင့် ကရင်ပြည်နယ် ပြည်နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းနိုင်ခဲ့ပြီး အခမ်းအနားကို နေ့လယ် ၁၄:၀၀ နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
DOCA(ကရင်)