ရှမ်းတောင်ကြက်သွန်ဖြူမှာလည်း တရုတ်ကြက်သွန်ဖြူ ကြူကုတ်သည် ဈေးကွက် လိုအပ်ချက်အရ ဝင်ရောက်လာပြီး တစ်ပိဿာ ၂၀၀၀၀ဈေးနှုန်းဖြင့် ဈေးကွက်တွင် ရောင်းဝယ်နေပါသည်။ ရှမ်းတောင်ကြက်သွန်ဖြူမှာလည်း ဈေးနှုန်းမြင့်တက်လာပြီး ထူး၁ ၁၁၅၀၀၊ထူး ၂ ၁၂၅၀၀ ကျပ်၊ထူး၃၁၃၅၀၀ ၊ထူး၄ ၁၅၅၀၀၊ထူးလွန်၁၆၅၀၀ကျပ်ဖြင့် ဈေးပေါက်နေပါသည်။ ရှမ်းတောင် ကြက်သွန်ဖြူသည် ပွဲရုံများတွင် အဝင်နည်းပါးနေပြီး ကုန်စည်လက်ကျန်လည်းပါးနေသဖြင့် ဈေးကွက်ဈေးနှုန်းမြင့်တက်နေဦးမည်ဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှသိရပါသည်။
နနွင်းသီးနှံမှာလည်း ပြည်ပဝယ်လက်ပါးလာသော်လည်း ကုန်စည်ရောက်မှုနည်းပါးလာသဖြင့် ပြည်ထွက်ဈေးကွက်အတွက်ပင် လိုအပ်ချက်ရှိလာနိုင်သဖြင့် အရည်အသွေးကောင်းသည့် တောင်ပို့လ ရှယ်တစ်ပိဿာ လျှင်၁၃၅၀၀၀နှင့်တောင်ပို့လ (လတ်)တစ်ပိဿာလျှင် ၁၃၀၀၀ဈေးပေါက်နေပြီး ဆင်တောင်ရှယ် ၁၂၀၀၀၊ဆင်တောင်လတ် ၁၁၀၀၀နှင့်အညံ့စရောရာ၁၀၀၀၀ဖြင့်ရောင်းဝယ်နေကြောင်းနှင့် ဈေးနှုန်းဈေးကွက်လိုအပ်ချက်အရ နနွင်းဈေးအနေဖြင့် ဈေးတန့်နေဦးမည် ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်သည်။
DOCA(ရှမ်း)