၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDA) သည် အမေရိကန်ဒေါ်လာ ၈.၁ ဘီလီယံအထိ မြင့်တက်လာကြောင်း စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (MEF) ၏ အစီခံစာအရ သိရသည်။ FDI တွင်အဓိကရင်းနှီးမြှုပ်နှံသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး တောင်ကိုရီယား၊ စင်္ကာပူ၊ ဂျပန်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံတို့ဖြစ်ကြသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် နိုင်ငံရေးတည်ငြိမ်ရေးတို့နှင့်အတူ မြင့်မားသောတိုးတက်မှုကို တစိုက်မတ်မတ်ထိန်းသိမ်းထားနိုင်ခဲ့ပြီး စီးပွားရေးတိုးတက်မှု၊ ဆင်းရဲမွဲတေမှုလျော့ချရေးနှင့် ဝင်ငွေနည်းပါးမှုနည်းပါးခြင်းတို့မှ တိုးတက်လာခဲ့သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စီးပွားရေးသည် ၆ ရာခိုင်နှုန်းနှင့် ၆.၃ ရာခိုင်နှုန်း အသီးသီးတိုးလာရန် မျှော်မှန်းထားပြီး အထူးသဖြင့် အထည်ချုပ်ကဏ္ဍများတွင် ဆက်တိုက်အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိကြောင်း စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Aun Pornmoniroth က ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်ပထမ (၉) လအတွင်း ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံရရှိကာ အလုပ်အကိုင်ပေါင်း ၂၅၂,၀၀၀ ကျော်ကို ဖန်တီးနိုင်ခဲ့သည်။ ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Lim Heng သည် မကြာသေးမီက CDC တွင် မှတ်ပုံတင်ထားသောရင်းနှီးမြှုပ်နှံမှု သိသိသာသာတိုးလာခဲ့သည်ဟု ပြောကြားခဲ့သည်။ အလတ်စားနှင့်အကြီးစား စက်မှုလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများသည် အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု၊ ကားတပ်ခြင်းစက်ရုံ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် တာယာထုတ်လုပ်မှုကို အာရုံစိုက်သည့် ကုမ္ပဏီများဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးအတွက်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုများဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတွင် တရုတ်နိုင်ငံမှ ၄၅.၆ ရာခိုင်နှုန်း၊ တောင်ကိုရီးယားနိုင်ငံမှ ၁၁.၈ ရာခိုင်နှုန်း၊ စင်္ကာပူနိုင်ငံမှ ၆.၅ ရာခိုင်နှုန်း၊ ဂျပန်မှ ၆.၂ ရာခိုင်နှုန်း၊ ဗီယက်နမ်မှ ၅.၃ ရာခိုင်နှုန်း၊ မလေးရှားမှ ၄.၄ ရာခိုင်နှုန်း၊ ထိုင်းမှ ၄ ရာခိုင်နှုန်း၊ ကနေဒါမှ ၃.၅ ရာခိုင်နှုန်း၊ဗြိတိန်မှ ၃.၂ ရာခိုင်နှုန်းနှင့်အခြားနိုင်ငံများမှ ၉.၅ ရာခိုင်နှုန်းတို့ ပါဝင်သည်။
Source: Khmer Times
DOCA(ရန်ကုန်)