Main menu

ပြည်ဈေးကွက်တွင် နှမ်းနီဈေးမှာ အနည်းငယ်မြင့်တက်လာ

Powered by Drupal

              ပြည်ခရိုင်၊ ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များတွင် နှမ်းများအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအပတ်တွင် နှမ်းနီမှာ ဈေးအနည်းငယ်မြင့်တက်လာခဲ့ကြောင်းသိရသည်။ နှမ်းအနီကိုဒေသတွင်း ဆီစက်သမားများကဝယ်ယူမှုရှိသဖြင့် ဈေးအနည်းငယ်မြင့်တက်လာပါသည်။ နှမ်းနက်နှင့်စမုံနက်နှမ်းမှာ ဝယ်ယူမှုနည်းသည့်အတွက် ဈေးမှာ ယခင်အပတ်ကအတိုင်း ငြိမ်နေတာတွေ့ရပါသည်။ ယခုအချိန်တွင် ဆောင်းနှမ်းများစိုက်ပျိုးချိန်ဖြစ်ပြီး ပြည်ခရိုင်အနေဖြင့် ပြည်မြို့နှင့် ရွှေတောင်မြို့နယ်တို့တွင် စိုက်ပျိုးထားကြောင်းသိရှိပါသည်။ နှမ်းနီမှာ ပြည်ခရိုင်အနေဖြင့် အနည်းငယ်သာစိုက်ပျိုး၍ ဆီစက်သမားများကလည်းဝယ်ယူမှုရှိသဖြင့် နှမ်းနီဈေးသာ အနည်းငယ်မြင့်တက်လာကြောင်းတွေ့ရပါသည်။ နှမ်းနက်နှင့် စမုံနက်နှမ်းမှာ ဝယ်လိုအားနည်းသဖြင့် ဈေးနှုန်းများငြိမ်နေခဲ့ပါသည်။ နှမ်းဈေးနှုန်းများအနေဖြင့် နိုဝင်ဘာလနောက်ဆုံးပတ်တွင် နှမ်းနီတစ်တင်းလျှင် ၁၂၀၀၀၀ကျပ်ဖြင့် ယခင်အောက်တိုဘာလကုန် ပတ်နှင့်ယှဉ်လျှင် ၄၀၀၀ကျပ်ခန့်မြင့်တက်လာပြီး နှမ်းနက်တစ်တင်းလျှင် ၁၆၅၀၀၀ကျပ်နှင့် စမုံနက် နှမ်းတစ်တင်းလျှင် ၂၀၀၀၀၀ကျပ်ဖြင့် ယခင်အတိုင်း ဈေးငြိမ်နေကြောင်း တွေ့ရပါသည်။ ယခင်က နှမ်းနက်နှင့် စမုံနက်နှမ်းကို မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ ဝယ်ယူခဲ့ကြောင်းသိရသည်။ ယခုအချိန်တွင် မကွေးတိုင်း၊ အောင်လံဘက်မှ ဝယ်ယူမှုရှိသော်လည်း တစ်ခါတစ်ရံ အရောင်းအဝယ်ဖြစ်လျင် (၁၅၀-၂၀၀)အိတ်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)