Main menu

ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာတွင် ပဲစင်းငုံများစတင်ထွက်ပေါ်

Powered by Drupal

              ယခုလိုဆောင်းရာသီအချိန်အခါတွင် ပဲစင်းငုံအစိမ်းများ ပြည်မြို့၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း ရွှေဘုံသာကျေးရွာဘက်မှစတင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ထို့ကြောင့် ပန်းတောင်းမြို့နယ်ရှိ ရွှေဘုံသာရွာနှင့် ညောင်ပင်သာကျေးရွာများတွင်လည်း ပဲစင်းငုံစိုက်ခင်းများရှိသဖြင့် ရောင်းချသူများကို လက်ကားရောင်းချကြပါသည်။ ပဲစင်းငုံအစိမ်းများကို အတွဲလုပ်၍လည်းကောင်း၊ ပဲစင်းငုံအတွဲများကို ပြုတ်၍လည်းကောင်းရောင်းချကြပါသည်။ လူအများကလည်းရာသီပေါ် အစားအစာဖြစ်၍ ဝယ်ယူစားသုံးကြပါသည်။ ရွှေဘုံသာမုနိဘုရားဈေးတန်းတွင်ရောင်းချသော ပဲစင်းငုံအတွဲဈေးများမှာ အစိမ်းတွဲတစ်တွဲ လျှင် (၂၀၀)ကျပ်၊ အပြုတ်တစ်တွဲလျှင် (၃၅၀)ကျပ်ဖြင့် တောင်းကြီး၊ တောင်းငယ်များဖြင့် ရောင်းချကြကြောင်းသိရပါသည်။ ဘုရားဖူးလာပြည်သူများအနေဖြင့် ရာသီချိန်အစားအစာဖြစ်၍ဝယ်ယူကြပြီး လက်ဆောင်ပေးရန်အပြင် မိမိတို့ကိုယ်တိုင်စားသုံးရန် ဝယ်ယူကြပါသည်။ ထို့ကြောင့် ပဲစင်းငုံမှာ ရာသီချိန်အစားအစာဖြစ်၍ ပေါ်ခါစတွင် ဈေးပိုလာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)