စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကန့်ဘလူခရိုင်တွင် ရောင်းချနေသည့် ကွမ်းသီးများကို ကန့်ဘလူခရိုင်အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်း ဝယ်ယူ၍ ကွမ်းသီးမှ ကွမ်းသီးစိတ်များထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလပထမပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းသီးစိတ်ဈေးနှုန်းများအနေဖြင့် အရည်အသွေးပေါ်မူတည်၍ ကွမ်းသီးစိတ်လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ်(၁၇၀၀၀မှ၁၇၅၀၀)ဖြင့်လည်းကောင်း၊ လက်လီဈေးတစ်ပိဿာလျှင် ငွေကျပ်(၁၈၀၀၀)ဖြင့် လည်းကောင်း၊ ကွမ်းသီးစိတ်(ပယ်)တစ်ပိဿာလျှင် ငွေကျပ်(၈၀၀၀)ဖြင့်လည်းကောင်း၊ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကွမ်းသီးစိတ်များကို ကန့်ဘလူမြို့ပေါ်ရှိဆိုင်များ ၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာနှင့် ကျွန်းလှမြို့နယ်များသို့ လက်လီ/လက္ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကွမ်းသီးစိတ်ရောင်းဝယ်ရေးလုပ်ငန်းရှင်၏ ပြောပြချက်အရ သိရသည်။
DOCA(စစ်ကိုင်း)