စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့်အနီး ကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီကိုစိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာနောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀-၄၅၀၀ရှိခဲ့ရာ ဒီဇင်ဘာလပထမပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀-၅၀၀၀ဖြင့် ရောင်းချကြောင်း၊ ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၅၀၀ ခန့်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ ကြက်သွန်နီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရသည်။
DOCA(စစ်ကိုင်း)