Main menu

ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက်တွင် ခရမ်းသီးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင် ခရမ်းသီး စိုက်ပျိုးကြသည့် တောင်သူများ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း အမှတ်(၅)ရပ်ကွက်ရှိ ခရမ်းသီးစိုက်ပျိုးသူ ဦးကျော်ဦးက ပြောသည်။

    ခရမ်းသီးများကို မတ်လကုန်တွင် စတင်စိုက်ပျိုးခဲ့ရာ အရှည်မျိုး ဆင်စွယ်ခရမ်းနှင့် အလုံးမျိုးထောပတ်ခရမ်းမျိုးတို့ကို စိုက်ပျိုးကြောင်း၊ ယခုအချိန်ခရမ်းပင်များသည် လမိုင်းအပင်များ ဖြစ်သော်လည်း အချိန်မှန်ပေါင်းရှင်းပေးခြင်း၊ မြေဩဇာကျွေးခြင်းတို့ကို ဆောင်ရွက်သည့်အတွက် အထွက်နှုန်းကောင်းကာ ဈေးကောင်းရနေကြောင်း၊ ခရမ်းသီးကို တစ်ရက်ခြားခူးကြောင်း၊ တစ်ရက်ကိုပိဿာချိန် (၇)ပိဿာမှ (၈)ပိဿာထိခူးရကြောင်း၊ လက်ရှိရောင်းချနေရသည့် ဈေးနှုန်းများမှာ ခရမ်းသီးတစ်ပိဿာလျှင် ငွေကျပ်(၂၀၀၀)နှုန်းနှင့် (၅၀)ကျပ်သားလျှင် (၁၁၀၀)ကျပ်ခန့်ဖြင့်  ကန့်ဘလူမြို့မဈေးတွင် ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ခရမ်းစိုက်တောင်သူ၏ ပြောပြချက်အရ သိရသည်။

DOCA(စစ်ကိုင်း)