မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၁)ဈေးတွင် ရောင်းချနေသော သစ်သီးဝလံ များမှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့တို့မှ အသီးသီးဝင်ရောက် လျက်ရှိကြောင်းသိရသည်။
ဒီဇင်ဘာလ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသောသစ်သီးဝလံ ဈေးနှုန်း များမှာ နဂါးမောက်သီး တစ်ကီလိုလျှင် ကျပ် ၇၀၀၀၊ လိမ္မော်သီးလျှင် ပျားလိမ္မော် တစ်ကီလို လျှင် ကျပ် ၈၀၀၀၊ လိမ္မော်သီးလျှင် တစ်ကီလိုလျှင် (အကြီး) ကျပ်၇၀၀၀၊ (အလတ်) ကျပ် ၆၀၀၀၊ (အသေး) ကျပ် ၄၀၀၀နှင့် ၅၀၀၀၊ ဖရဲသီး(အလုံးကြီး) ကျပ် ၄၀ဝ၀၊ (အလုံးလတ်) ကျပ် ၃၀ဝ၀၊(အလုံးသေး) ကျပ် ၂၅ဝ၀ မှ ၂၀ဝ၀၊ ကျွဲကောသီး ပန်းရောင် (အလုံးကြီး)ကျပ်၄၀၀ဝ၊ (အလုံးလတ်)ကျပ်၃၀ဝ၀၊ (အလုံးသေး)ကျပ်၂၀ဝ၀၊ နာနတ်သီး (အလုံးကြီး)ကျပ်၂၅၀ဝမှ၂၀၀ဝ၊ (အလုံးလတ်) ကျပ်၁၅ဝ၀၊ (အလုံးသေး) ကျပ် ၁၀၀ဝ၊ စပျစ်သီး (အလုံးသေး) တစ်ပိဿာလျင် ၁၉၀၀၀ကျပ်၊ စပျစ်သီးအစေ့လွတ် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ပန်းသီးတစ်လုံးလျှင် ၁၂၀၀ ကျပ်မှ ၂၀၀၀ကျပ်၊ မာလကာသီး အစေ့လွတ် တစ်လုံးလျှင်(အကြီး)ကျပ်၂၀၀၀နှင့် (အသေး) ၁၀၀၀ကျပ်၊ ပန်းသစ်တော်သီး တစ်လုံးလျှင် ၂၅၀၀ကျပ် မှ ၃၀၀၀ကျပ် ခန့်ရှိကြောင်း အဆိုပါဈေးနှုန်းများကို မော်လမြိုင်မြို့သစ်သီးဝလံအရောင်းဆိုင်မှ သိရှိရပါသည်။
DOCA(မွန်)