Main menu

ပန်းတနော်မြို့နယ်တွင် စိုက်ပျိုးနေသော သံပုယိုသီး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ ရွှေမြင်တင်၊ ကမ်းနာလမ်းတွင် သံပုယိုသီးခြံစိုက်ပျိုးထားကြောင်း၊ ပန်းတနော်မြို့နယ်တွင် ရှောက်ချဉ်သံပုရာ စိုက်ဧက ၆၇၃ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

               သံပုယိုသီး စိုက်ပျိုးရာတွင် မျိုးပင် ၁ပင်ကို ၃၂၀၀ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ၁ဧက တွင် သံပုယိုပင် ၂၀၀ စိုက်ပျိုးထားသည်။ သံပုယိုပင်ကို  ဝါဆိုမိုးကျတွင် စစိုက်ပျိုးပြီး၊ အပင်သက်တမ်းအနေဖြင့် နှစ်ရှည်ပင်ဖြစ်ကြောင်း၊   စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ကုန်ကျစရိတ်  ငွေကျပ် ၈၅၂၀၀၀ကျပ် ခန့်ကုန်ကျ ကြောင်းသိရသည်။

             သံပုယိုသီးကို ၆လ ၁ကြိမ်ခူးရပြီး တစ်နှစ်ကို ၂ကြိမ် သီး၍ ၁ကြိမ်ခူးလျှင် အလုံးရေ ၁ပင်ကို ၈၀မှ ၁၀၀ကြား ထွက်ရှိသည်။ ယခုခြံမှ သံပုယိုသီး  ၁ကြိမ်ခူးလျှင် အလုံးရေ ၁၆၀၀၀ ခန့် ထွက်ရှိကြောင်း၊ သံပုယိုသီး ဈေးနှုန်းအနေဖြင့် သံပုရာ ၁လုံးကို ၅၀ မှ ၁၀၀ကြားဈေးရပြီး၊ သံပုယို ဈေးနှုန်း ၇၀ကျပ်ဖြင့် ရောင်းချတင်ပို့ပါက အလုံး၁၆၀၀၀ ကို ၁၁၂၀၀၀၀/-ကျပ် ရရှိ၍ အကျိုးအမြတ် ၂၆၈၀၀၀/-ကျပ် ရရှိပြီး နှစ်စဉ် အစားကျွေး ရေတင်စနစ်တကျစိုက်ပျိုးကြောင်း စီးပွားဖြစ်သီးနှံဖြစ်၍ တိုးချဲ့စိုက်ပျိုး ရန်လျာထားလျက်ရှိကြောင်းသိရသည်။

             သံပုယိုသီးတင်ပို့မှုအနေဖြင့် အပန်းတနော်မြို့နယ်တွင် သံပုရာယိုထိုးမုန့်လုပ်ငန်းရှိ၍ ဝယ်ယူကြောင်း၊ ပန်းတနော်မှစိုက်ပျိုးသော ရှောက်ချဉ်၊ သံပုရာသီးနှံများကို ရန်ကုန်သို့လည်းတင်ပို့ကြပြီး ရန်ကုန်မှတဆင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆက်လက်တင်ပို့နေကြောင်း ခြံပိုင်ရှင် ဦးကျော်စိုးငြိမ်းက ရှင်းလင်းပြောပြ၍ သိရှိရပါသည်။

DOCA (ဧရာဝတီ)