Main menu

“ပဲယဉ်များစတင်စိုက်ပျိုးလျက်ရှိ”

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပဲမျိုးစုံသီးနှံဖြစ်သည့် ပဲကြီး၊ တိုင်ထောင်ပဲ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစဉ်းငုံသီးနှံများအပြင် ပဲယဉ်းသီးနှံကိုလည်း စိုက်ပျိုးလာကြပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  (၅၁၈)ဧက   စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ အများဆုံးစိုက်ပျိုးသောကျေးရွာများမှာ ပခမ်း၊ကျီတိုင်၊ နွားကူးလေးနှင့် ခင်လည်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။  ပဲယဉ်းသီးနှံကို အောက်တိုဘာလတွင်စတင်စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးပြီး(၄)လအကြာတွင် ထွက်ရှိမည် ဖြစ်ကြောင်း၊ ပဲယဉ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့်((၁)ပြည်နှင့် (၄)ဗူး ကုန်ကျကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၂၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊  ပဲယဉ်းသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်ထယ်ဖုန်းစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသော မျိုးများမှာပဲယဉ်းကြီးမျိုးနှင့် ပဲယဉ်းသေးမျိုးများကိုသာစိုက်ပျိုးကြကြောင်း၊ ပဲယဉ်းပေါ်ချိန်တွင် အထွက်နှုန်း အားဖြင့်(၂၅-၃၀)တင်းအထိ ထွက်ရှိနိုင်ကြောင်း၊ ယခုလက်ရှိ  ပဲယဉ်ဈေးနှုန်းအနေဖြင့်(၁)တင်းလျှင် ( ၉၀၀၀၀/- )ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခင်နှစ် ကုန်ကျစရိတ်အနေဖြင့်(၈၀၀၀၀မှ၁၀၀၀၀၀)ကျပ်ဖြစ်ပြီး ယခင်နှစ်ပဲယဉ်တစ်တင်းစျေးနှုန်းမှာ(၄၅၀၀၀/-) ကျပ်စျေးရောင်းချခဲ့ရပြီးကုန်ကျစရိတ်နှုတ်ပြီးပါက ယခင်နှစ် အကျိုးအမြတ်မှာ(၁၀၀၀၀၀၀/-) ကျပ်မြတ်ကြောင်း ပဲယဉ်သီးနှံပေါ်ချိန်တွင် တောင်သူများမှ ပွဲရုံသို့တိုက်ရိုက်ရောင်းချကြ ကြောင်း၊ ပွဲရုံများမှ တစ်ဆင့် မန္တလေး၊ရန်ကုန်မြို့ များသို့တင်ပို့ ရောင်းချလျှက် ရှိကြောင်း၊ ပဲစားသုံးခြင်းဖြင့် ပရိုတင်းဓါတ် ပြည့်ဝစွာရရှိခြင်း၊နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း၊ အဟာရဓါတ်ပေါများစွာပါဝင်ကြောင်း လေ့လာသိရှိရပါသည်။ ပဲယဉ်ကိုပြုတ်၍ ထမင်းဆီဆမ်းဖြင့်စားသုံးကြသလို အညာဒေသ ယခုလိုဆောင်းရာသီအချိန်တွင် မုန့်ပေါင်းနှင့်အကြော်တွဲဖက်၍စားသုံးကြပါသည်။ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးသောကြောင့် ပဲယဉ်သီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)