Main menu

ရွှေဘိုမြို့တွင် အာလူးဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

     ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် အာလူးများကို မန္တလေးမြို့ မှ မှာယူရောင်းချကြကြောင်း၊ အခြားမြို့များမှ ဝယ်ယူရသည့်အတွက် ကုန်ပစ္စည်းဈေးနှင့် သယ်ယူစရိတ်မြင့်တက်ခြင်းများကြောင့် ပြန်လည်ရောင်းချရသည့်ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း၊  ယခင်လ နိုဝင်ဘာလ (စတုတ္တပတ်)တွင် အာလူးရောင်းချသည့် ဈေးနှုန်းမှာ အရွယ်အစားအပေါ် မူတည်၍ (၁)ပိဿာလျှင်(၇၀၀ဝိ/-)ကျပ်မှ (၈၀၀ဝိ/-)ကျပ်ဈေးနှုန်းဖြစ်ပြီး၊ ယခုလ ဒီဇင်ဘာလ (ပထမ)ပတ်တွင် အာလူးဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်၍ (၁)ပိဿာလျှင် (၈၀၀ဝိ/-) ကျပ်မှ (၉၀၀ဝိ/-)ကျပ်ထိ ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ပါက (၁)ပိဿာလျှင် (၁၀၀ဝိ/-) ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)