Main menu

“မုန်လာဥဖြူများစတင်ထွက်ပေါ်”

Powered by Drupal

               ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများသည် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးကြရာတွင် မိသားစုစားသုံးရန်နှင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် တောင်သူများအနေဖြင့် ဆောင်းသီးနှံဖြစ်သော မုန်လာဥဖြူကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ ယခုအချိန်တွင် စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ မုန်လာဥဖြူစတင်စိုက်ပျိုးရာတွင် အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး မျိုးအနေဖြင့် အထွက်နှုန်းကောင်းမျိုးများဖြစ်သည့် မျှားနီတံဆိပ်နှင့် ဆင်စွယ်မုန်လာ တံဆိပ်များကိုသာ အဓိကထား အများဆုံးစိုက်ပျိုးကြကြောင်း၊ မျိုးစေ့စျေးနှုန်းအနေဖြင့် ဆင်စွယ်မျိုးစေ့ (၅၀၀)ဂရမ်ပါ အထုတ်ကြီး တစ်ထုတ်လျင်(၂၀၀၀၀/-)ကျပ် နှင့် မျှားနီတံဆိပ် မျိုးစေ့ (၅၀၀)ဂရမ်ပါ အထုတ်ကြီးတစ်ထုတ်လျင် (၁၈၀၀၀/-)ကျပ်စျေးနှုန်းများရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၅၀၀၀၀၀/-) ကျပ်ခန့်ကုန်ကျပြီး စိုက်ပျိုးပြီးရက်ပေါင်း(၃၀-၄၀) ရက်အကြာတွင် တူးဖော်နိုင်ပြီး စျေးကွက်သို့တင်ပို့ရောင်းချကြကြောင်း ပွဲစားများမှလည်း ကျေးရွာအထိအခင်းပြတ် လာရောက်ဝယ်ယူကြကြောင်း၊ တောင်သူများမှလည်း မန္တလေး-ကျောက်ဆည် ကားလမ်းဘေးများတွင်လည်း ရောင်းချကြကြောင်း၊ ရောင်းချရာတွင် ယခု မုန်လာဥဖြူစတင်ပေါ်ချိန်တွင် အပင်(၅)ပင်ပါ တစ်စည်းလျှင်(၁၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ မုန်လာဥဖြူစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိသည့်အပြင် မိသားစုစားဝတ်နေရေးပါ အဆင်ပြေလျက်ရှိကြောင်း၊ အထွက်နှုန်းနှင့် ဈေးနှုန်းပေါ်မူတည်ပြီး အကျိုးအမြတ်များရရှိမည်ဖြစ်ကြောင်း မုန်လာဥဖြူစိုက်ပျိုးသူ စဉ့်ကိုင်မြို့နယ်၊ ပင်ချားကျေးရွာနေတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)