စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဦးစီးမှူးရုံး အနေဖြင့်စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတတ်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်သွယ်တွေ့ဆုံ၍ အခြေခံစားကုန်စျေးနှုန်းများ ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေးစျေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိကြောင်း သိရှိရပါသည်။
ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ထားဝယ်မြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေးစျေးနှုန်းများမှာ ယူရီးယားတစ်အိတ်လျှင်(၁၁၇၄၀၀ိ/-)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၁၅၂၅၀၀ိ/-) ကျပ်၊ ပိုတက်တစ်အိတ်လျှင် (၁၄၄၉၀၀ိ/-) ကျပ်၊ သန်ဒါ (100cc)တစ်ဗူးလျှင် (၁၁၀၀၀ိ/-) ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့်ယခုအပတ် စျေးနှုန်းနှိုင်းယှဉ်လျှင် အနည်းငယ်တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)