Main menu

ပခုက္ကူမြို့၏ သကြားပြောင်းဖူးဈေးကွက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံမျိုးစုံ ‌ရောင်းဝယ်‌‌ရေးဈေးကွက်သို့ ပခုက္ကူမြို့ နယ်အတွင်းရှိ ညောင်လှ၊ နန်းတော်ရပ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ ကျေးရွာများနှင့် အခြား မြို့နယ်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ပုပ္ပါးနှင့် ညောင်ဦးမြို့နယ်အတွင်းရှိ အထက်ညဉ့်၊ အောက်ညဉ့် ကျေးရွာများမှ သကြားပြောင်းဖူးများဝင်ရောက်အရောင်းအဝယ် လျက်ရှိပြီး ယခု မိုးအကုန်ဆောင်းအကူးရာသီတွင် စိုက်ခင်းထွက် သကြားပြောင်းဖူးပေါ်ချိန်ဖြစ် သော်လည်း ဈေးနှုန်းကျဆင်းခြင်းမရှိ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်မှ သိရှိ ရသည်။

     ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် သကြားပြောင်းဖူး အကြီး၊ အသေးနှင့် အဆံအောင်မြင်မှုအပြင် သီးနှံလတ်ဆတ်မှုပေါ်မူတည်၍ သကြားပြောင်းဖူးတစ်ဖူးလျှင် ငွေကျပ်(၈၀၀-၃၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်နှစ်က ပြောင်းဖူးထွက်ချိန်တွင် သကြားပြောင်း တစ်ဖူးလျှင် ငွေကျပ် (၄၀၀-၂၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်နှစ်နှင့်ယခုနှစ် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်နှစ်အတွင်း သကြားပြောင်းဖူး တစ်ဖူးလျှင် ကျပ်(၄၀၀)ခန့် ဈေးမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုအချိန်တွင် သကြားပြောင်းဖူးဈေးကွက် ကောင်းမွန်ပြီး အရောင်း အဝယ်ဖြစ်နေကြောင်း၊ ကုန်စိမ်း ဈေးကွက်သို့ ရောက်ရှိသည့် သကြားပြောင်းဖူးများကို မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ တွန်းလှည်း ဈေးသည်များ၊ အကြော်ဆိုင်များနှင့် စားသုံးပြည်သူများမှ နှစ်စဉ် ဝယ်ယူသုံးစွဲလျက်ရှိကြောင်း၊ သကြားပြောင်းဖူးမှာ ဈေးကွက်သို့ ဝင်သလောက် အရောင်းအဝယ် ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)